← All writing

Contact ထဲမှာ နောက်ဆုံးထည့်ခဲ့တဲ့ contact ကို ပြန်ရှာခြင်း

· Aung Ko Man

Notebook and fountain pen for planning and reflection
Illustrative photo by Niko Nieminen on Unsplash.

ဒါကတော့ အခုမနက် တိုင်ပတ်သွားတဲ့ ကိစ္စပေါ့။ အခန်းမှာ ပလပ်ပေါက် မကောင်းတော့ မီးဆရာ ခေါ်ပြီးပြင်ဖို့ လိုလာတယ်။ အဲ့မီးဆရာရဲ့ ဖုန်းနံပတ်လည်း ပြီးခဲ့တဲ့အပတ်က မှတ်ထားပြီးသား။ အခုပြန်ရှာတော့ မတွေ့တော့ဘူး။ ဘယ်လို နာမည်နဲ့ မှတ်ထားခဲ့မှန်း မေ့သွားပြီ :laugh:

ကံကောင်းတာ တစ်ခုက Google Account နဲ့ ချိတ်ထားတာ ဆိုတော့ Google က တစ်ခုခုများ ကူညီနိုင်မလားပေါ့။ လိုက်ရှာကြည့်ရတယ်။

ထုံးစံအတိုင်း Google

မ Google ခင်မှာ ဖုန်းထဲက Contact App ထဲမှာ Sorting ဘာညာသာရကာများ ပါမလဲ ကြည့်ကြည့်သေးတယ်။ မပါဘူး။ ဒီတော့လည်း ရှာကြည့်တော့ Quora မှာ တစ်ယော်ကဖြေထားတာ တွေ့တယ်။ Google App Script သုံးရင်သုံး ဒါမှမဟုတ် OAuth 2.0 Playground သုံးတဲ့။ Google App Script က ထပ်ဖတ်နေရဉီးမှာမို့လို့ Playground မှာပဲ အလွယ်စမ်းမယ်ပေါ့။ ဒါနဲ့ ဝင်လိုက်တယ်။

https://developers.google.com/oauthplayground

ကိုယ်သုံးချင်တဲ့ service ရွေးပေးရတယ်။ အခုက Contact တွေ ရှာမှာဆိုတော့ Contact v3.0 ကို ရွေးလိုက်တယ်။ နောက်တဆင့်ကတော့ Query

https://www.google.com/m8/feeds/contacts/default/full?max-results=500&start-index=1&orderby=lastmodified&sortorder=descending

ဒီအတိုင်း run လိုက်ရင် xml နဲ့ ကိုယ့် contact စာရင်း ကျလာလိမ့်မယ်။ အဲ့မှာ Ctl+F နှိပ်ပြီး ကိုယ့် သိချင်တဲ့ ရက်စွဲကို ရိုက်ထည့် ရှာရုံပဲ။

အဆင်ပြေသွားတယ် ဆိုရမှာပေါ့။ နာရီဝက်လောက်တော့ ကြာသွားတယ်။ နောက်များ Contact မှတ်ရင် သေချာ မှတ်မှတ်သားသား မှတ်ဖို့လိုတယ်လို့ အောက်မေ့မိတယ်။