← All writing

SE2020

· Aung Ko Man

Notebook and fountain pen for planning and reflection
Illustrative photo by Niko Nieminen on Unsplash.

SE2020 မှာ ပါဖို့ စာရင်းပေးထားတာ တစ်ပတ်လောက်ကြာတော့ email ဝင်လာတယ်။ MS Team သုံးပြီးတော့ ပြိုင်ပွဲနဲ့ ပတ်သက်တာတွေ ရှင်းကြလင်းကြပေါ့။ အဲ့မှာ ကိုယ်က တစ်ယောက်တည်းသမား၊ team လည်း မရှိ။ ဒီတော့ team မရှိတဲ့သူအချင်းချင်း Organizer တွေက တွဲပေးမယ် ထင်ပြီး သွားမေးကြည့်တော့ တွဲမပေးပါဘူးတဲ့ ကိုယ်ကိုယ့်ကို မိတ်ဆက်ပြီး team တစ်ခုခုမှာ သွား join ကြည့်ပါလို့ ဆိုတယ်။ အိုကေပေါ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ဆိုတော့ ဘယ်က စမိတ်ဆက်ရမလဲ မသိ။ ကိုယ်ဘာလုပ်နိုင်ပါတယ် ဘာညာသာရကာပေ့ါ။ ကျွန်တော့ Github Repo တွေသာ လာကြည့်ပြီး team မှာ သုံးလို့ရမယ်ထင်ရင် ခေါ်ကြပါဉီးဆိုပြီး MS Team ရဲ့ conversation မှာလည်းရေး၊ နောက် contestent တွေအကုန်လုံးစီ email ပို့လိုက်တယ်။ အဲံမှာ Organizer ကလည်း recommed ကောင်းကောင်းပေးတယ်။ အားကောင်းတဲ့ team member တစ်ယောက်ဖြစ်နိုင်တာမို့ ခေါ်ကြဖို့။ ဒီလို ဆရာသမားက Recommend ပေးတော့ ကိုယ့်ကိုယ်ကိုတောင် သဘောကျသွားတယ်။

အဲ့မှာ နှစ်ဖွဲ့က သူတို့အဖွဲ့တွေမှာ လာ join ဖို့ ကမ်းလှမ်းလာတယ်။ တစ်ဖွဲ့က c# သမား လိုနေတာ ဆိုတော့ ကိုယ်နဲ့ အဆင်မပြေ။ နောက်တစ်ဖွဲံကတော့ နှစ်ယောက်တည်း ရှိတဲ့အဖွဲံ။ ညဘက် team member တွေနဲ့ မိတ်ဆက်တော့ ကိုယ်က အသက်အကြီးဆုံး ဖြစ်နေတယ် :P

တစ်ယောက်က UI/UX Designer ၊ နောက်တစ်ယောက်ကတော့ React Developer ။ အိုကေပေါ့။ ကိုယ်က backend ကို အားသန်တဲ့သူဆိုတော့ အဆင်ပြေသွားတယ်။ Designer က screen flow နဲ့ product specification တွေ အကုန်ရေး‌ပေးလိမ့်မယ်။ React သမားက frontend အပိုင်းရေး၊ ကိုယ်က restful api documentation ထုတ်ပေးထားပြီး backend ရေးမယ် ဆိုပြီး တာဝန်ခွဲထားလိုက်တယ်။

frontend ကို react နဲ့ ရေးမှာဆိုတော့ backend ကိုလည်း node နဲ့ ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ TDD နဲ့ ရေးရမှာမို့လို့ TDD နဲ့ ပတ်သက်တာတွေတော့ ထပ်ဖတ်ဖို့ လိုလိမ့်မယ်။ Automation Testing လိုမျိုးတွေ၊ test case နဲ့ test result တွေလည်း ပြရမယ်လို့ ဆိုတယ်။ Risk Accessement တို့ဘာတို့လည်း ပါတယ်။ ကိုယ်မသိတာေတွ ေတာ်ေတာ်များတယ်။ ဒါေကြာင့်လည်း Join ဖြစ်တာပါတယ်။ ကိုယ်သိတာလေးနဲ့တင် CRUD ပတ်ရေးပြီး နေနေလို့ မဖြစ်ဘူးမို့လား။ next level နောက်ထပ် level တစ်ခုကိုရောက်ဖို့က အခုလို enviroment အသစ်တစ်ခု လိုတယ်။

အခုလိုမျိုး module တစ်ခုကို အစကနေ အဆုံး team work နဲ့ လုပ်ရတာလည်း အတွေ့အကြုံအသစ်ပဲ။ Full Stuck လုပ်နေတော့ ကိုယ့်ကိုယ်ကို အားမရတာတွေ များတယ်။ (Full Stack မဟုတ်ပါ Full Stuck ဖြစ်ပါတယ် :P )။ အခုလို ကိုယ်အားသန်တဲ့ ဘက်ကိုပဲ အားစိုက်ရေးပြီး team တစ်ခု ဖွဲ့ရတာ တော်တော်မိုက်တယ်။ တကယ်ရေးကြည့်ရင်တော့ integration အပိုင်းမှာ ဘယ်လိုတွေ တိုင်ပတ်ဉီးမလဲ မသိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အတွေ့အကြုံကောင်းတွေ ရမယ်လို့ ယုံကြည်ပါတယ်. Thanks SE2020 & Two Guys Team.