← All writing

Sync!

· Aung Ko Man

Laptop displaying software code
Illustrative photo by AltumCode on Unsplash.

ဒါကတော့ အိပ်မပျော်လို့ ရေးတဲ့စာပါ။ synchronization တွေ ကောင်းလို့ ကိုယ့်ရဲ့ တစ်နေ့တာ ဘယ်လိုအဆင်ပြေကြောင်း တဲ့အကြောင်းလေး ပြောပါမယ်။ အများဆုံး သုံးဖြစ်တဲ့ App က Chrome နဲ့ Keep ပါ။ laptop မှာပဲ ဖြစ်ဖြစ် ဖုန်းမှာပဲ ဖြစ်ဖြစ် ဒီနှစ်ခုကို အများဆုံး သုံးဖြစ်တယ်။

Chrome ရဲ့ send to Google Phone

စောနက Team mate တစ်ယောက်ကို api documentation ပေးဖို့လိုလာတယ်။ ခက်တာက documentation တင်ထားတဲ့ link က အရှည်ကြီး ( yep, we made it with postman :P )။ laptop ထဲက ဒီ link ကို ကြည့်ပြီး ဖုန်းကနေ ပို့ပေးဖို့ နည်းနည်းတော့ တိုင်ပတ်သွားတယ်။ ကိုယ်က ပျင်းတာလည်း ပါပါတယ်။ ဒီ link အရှည်ကြီးကို messenger ကနေ စာရိုက်ပြီး မပို့ချင်ဘူး။ ပထမဆုံး ကြိုးစား ကြည့်တာက link ကို ဓာတ်ပုံရိုက်ပြီး အဲ့ပုံကနေ text select လုပ်ပြီး ကူးလိုက်မယ်ပေါ့။ ( I mean Pixel Power :D )။ ည သန်းခေါင် monitor screen က စာကို Google ရဲ့ OCR ကလည်း မကယ်နိုင်။

ကဲ နောက်တစ်နည်းပေါ့ Chrome မှာ right click ထောက်ပြီး ကြည့်လိုက်တော့ Send to Google Phone တဲ့။ (Yay...!) နှိပ်လိုက်တယ်။ ဘာမှ ဖြစ်မလာဘူး။ ဟမ် ဖုန်းကို ပြန်ကြည့်မှ အဆောင်ရဲ့ ကောင်းမွန်လှတဲ့ ဝိုင်ဖိုင်က မမိတစ်ချက် မိတစ်ချက် ဖြစ်နေတာ။ မထူးပါဘူးလေဆိုပြီး mobile data ဖွင့်။ ချက်ခြင်း notification တက်လာတယ်။ အဆင်ပြေသွားပြန်ရော။ :D

ဒီလို scenario တွေက အများကြီးပါ။ ဖတ်လို့ကောင်းတဲ့ article လေးတစ်ပုဒ် ဖတ်နေတုန်း မပြီးသေးဘူး သွားစရာ အလုပ်ကပေါ်လာတယ်။ ကိစ္စမရှိဘူး Send to Google Phone . ပဲ။ လမ်းမှာ ဖုန်းထဲကနေ ဆက်ဖတ်လို့ ရတယ်။

နောက်မှ Keep ရဲ့ sync ပုံလေး share ပါဉီးမယ်။