I want to hold your hand.

အခုရက်ပိုင်း SE2020, Yangon Air Pollution Viscualization စတဲ့ ပြိုင်ပွဲတွေနဲ့ meeting ထိုင်လိုက်၊ လိုအပ်တဲ့ documentation တွေ ရေးလိုက်နဲ့ အချိန်တွေကုန်။ နောက်ပြီး Flutter နယ်ပယ်ထဲမှာ မြေစမ်း ခရမ်းပျိုးတာကလည်း ထိုက်သင့်တဲ့ အနေအထားရောက်အောင် ရုန်းကန်နေရတယ်။ Freelance Project တစ်ခုကလည်း ညဘက်အိပ်လို့မရအောင် ဖိစီး။

ဆိုတော့ကာ ခေါင်းတွေဟာ ပူလွန်းလို့ ခန အနားယူတဲ့အခါ ဇာက်ကားလေးဘာလေး ကြည့်ရင်တောင် ကားအသစ်တွေ မကြည့်နိုင်ဘူး။ ကိုယ်ကြည့်ပြီးသား ကားတွေပဲ ပြန်ကြည့်ရတယ်။ Crash landing on you တို့။ Yesterday တို့လိုမျိုး။ အဲ့မှာ Yesterday က သဘောကျတဲ့ သီချင်းတွေထဲမှာ Help Me နဲ့ I want to hold your hand နှစ်ပုဒ်ပါတယ်။

ဒါဟာ ရှေးခေတ်ကမို့လား မသိ။ ဒီလိုပြောတယ်။

Oh yeah, I'll tell you something
I think you'll understand
When I say that something
I wanna hold your hand

ဒီလိုနဲ့ပဲ ကျွန်တော်က ခင်ဗျားကို လွမ်းမိရော။

Written on November 6, 2020