Making Money Online Part-2
· Aung Ko Man

အွန်လိုင်းပေါ် ကနေ ငွေဘယ်လိုရှာမလဲ? အပိုင်း(၂) (Google Admob : Part 2)

ပြီးခဲ့တဲ့ အပိုင်း(၁) မှာတုန်းက Google Admob ကနေ ကျွန်တော်တို့ ဘာကြောင့်ငွေရလဲ ရေးခဲ့ပါတယ်။ အခု တစ်ခေါက်မှာတော့ ငွေရဖို့အတွက် ပထမဆုံး အလုပ်ဖြစ်တဲ့ Admob မှာ account ဖွင့်တဲ့အခါ ဘာတွေ ကြုံရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။
ပထမဆုံး ပြောချင်တာကတော့ Admob က မြန်မာနို်ငငံက Developer တွေကို မထောက်ပံ့ပါဘူး။ ဆိုလိုတာက မြန်မာနို်ငငံ က email လိပ်စာ၊ နေရပ်လိပ်စာ၊ ဘဏ်လိပ်စာ ဘာမှ သုံးလို့မရဘူးလို့ ပြောချင်တာပါ။ ဒီလိပ်စာတွေ သုံးပြီးငွေပေး ငွေယူတွေ လုပ်ရမှာ ဆိုတော့ Google က အကုန်ပြန်ပြီး အတည်ပြုပါတယ်။ဆိုတော့ကာ လိပ်စာဖြစ် ပြီးရောဆို အင်တာနက်ပေါ်က တွေ့တဲ့ နိုင်ငံခြားလိပ်စာတစ်ခု ထည့်လို့မရဘူးပေါ့ဗျာ ( ကျွန်တော့် တုန်းကတော့ အဲ့သလိုပဲ နိုင်ငံခြား လိပ်စာတစ်ခု ဖြစ် ပြီးရောဆိုပြီး ထည့်ပေးလိုက်တာ တကယ် ငွေထုတ်ဖို့ လိပ်စာ အတည်ပြုခိုင်းတဲ့အခါ အတည်မပြုနို်ငလို့ အဲ့ account တစ်ခုလုံးကို တာ့တာ ပြလိုက်ရတယ် :3 )

မြန်မာနိုင်ငံက လိပ်စာတွေကို ခွင့်မပြုတာဟာ ကျွန်တော်တို့ မြန်မာနို်ငငံက developer တွေ ပထမဆုံးကြုံရမယ့် အခက်အခဲ ဖြစ်လာပါတယ်။ နို်ငငံခြားမှာ ရင်းနှီးတဲ့အသိမိတ်ဆွေ ရှိရင်တော့ အဆင်ပြေပါတယ်။ သူ့လိပ်စာ နဲ့ ဘဏ်စာရင်း ကို ပေးပြီး account ဖောက်လို့ရတာပေါ့။ အသိမိတ်ဆွေ မရှိလို့ မလုပ်ရတော့ဘူးလည်း မဟုတ်ဘူးပေါ့ဗျာ။ အခုလိုမျိုး နိုင်ငံခြား လိပ်စာ နဲ့ ဘဏ်စာရင်း ကို ဝန်ဆောင်မှုပေးနေတဲ့သူတွေ ရှိပါတယ်။ ထိုင်းနို်ငငံ အနေနဲ့ ဖောက်မလား၊ US / UK ကြိုက်တဲ့ နိုင်ငံ လိပ်စာကို အတည်ပြုပေးမယ့်သူတွေ အများကြီးပါ။ သူတို့ကို ထိုက်သင့်တဲ့ ဝန်ဆောင်ခတော့ ပေးရတာပေါ့။ ကိုယ်မှ အသိအကျွမ်းမရှိတော့လည်း အခုလို အခကြေးငွေနဲ့ ကူညီတာကိုပဲကျေးဇူးတင်ရမှာပေါ့နော ။
ထားပါတော့။ ကိုယ့်မှာ နို်ငငံခြားရောက်နေတဲ့ အသိမိတ်ဆွေပဲ ဖြစ်ဖြစ်၊ ဝန်ဆောင်မှုပေးတဲ့ သူပဲ ဖြစ်ဖြစ် ရပြီ ဆိုရင် သူတို့ပေးတဲ့ လိပ်စာ နဲ့
http://admob.google.com/ မှာ admob account တစ်ခု ဖောက်လို့ရပါပြီ။

Admob Account ရပြီ ဆိုတာနဲ့ ကျွန်တော်တို့ သူ့ဆီက ads unit တွေ စတောင်းပြီး ကိုယ့်ရဲ့ mobile app ထဲမှာ ထည့်ရုံပါပဲ။ကြော်ညာအမျိုးအစားအလိုက် ထည့်ပုံထည့်နည်းတွေကတော့ ကိုယ်ရေးတဲ့ app အမျိုးအစားအလိုက် android အတွက်၊ ios အတွက် official tutorial တွေ ကြည့်ပြီး ထည့်လို့ရပါတယ်။ အခြေခံ သဘောကတော့ သူ့တို့ ပေးထားတဲ့ sdk ကို ကိုယ့် ပရောဂျက်မှာ ထည့်မယ့်။ layout ပိုင်းမှာ ကြော်ညာအတွက် နေရာတစ်ခု ပေးမယ် ။ ဒါဆိုရပါပြီ။ အခုမှ tutorial ကြည့်ပြီး စမ်းထည့်မယ့် သူတွေအနေနဲ့ကတော့ test ads တွေနဲ့ စမ်းလုပ်ကြည့်ဖို့ အကြံပေးပါရစေ။ ဒါမှ ကိုယ့် coding မှန် မမှန် သိရမှာပါ။ မဟုတ်ရင် ads မပေါ်တာက coding ပိုင်းမှားနေလို့လား google က ကြော်ညာ ချမပေးလို့လား ဆိုတာ ပြန်ပြီးလိုက်ကြည့်ဖို့ မလွယ်ပဲ တိုင်ပတ်နေမှာ။
အိုကေ test ads နဲ့စမ်းတဲ့ ကြော်ညာတွေလည်း တက်လာပြီ၊ ကိုယ့် app ကလည်း publish လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီဆိုရင်တော့ test ads အစား admob က ကိုယ့်ရဲ့ ကိုယ်ပိုင် ads unit နဲ့ အစားထိုးပြီး app ကို ဖြန့်လို့ရပါပြီ။
စစချင်း ကြော်ညာတွေ မပေါ်လို့ စိတ်မပူပါနဲ့။ Google ဆိုတဲ့အမျိုးက တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးခင်ဗျ။ ကိုယ့် app က သင်တင့်တဲ့ အသုံးပြုသူ ပမာဏ ရှိလာတဲ့အခါမှ google က ကြော်ညာထိုးပေးမှာပါ။ ဆိုတော့ကာ ကြောညာပေါ်ဖို့ထက် ကိုယ့်ရဲ့ app က လူတွေကို ဘယ်လို အကျိုးပြုပါတယ် ဆိုတာမျိုး ပြောပြပြီး မားကတ်တင်းသာ ဆင်းနေပါ အချိန်တန်ရင် ငွေက နောက်က လိုက်လာပါလိမ့်မယ်။
စဖြန့်ပြီး ငွေတွေ ယူလို့ရပါပြီ :