Me and SE2020 (Software Engineering Contest 2020)

ကျွန်တော့ရဲ့ SE2020 အတွေ့အကြုံက နည်းနည်းတော့ drama ဆန်တယ်။

ပထမဆုံး ဝင်ပြိုင်ဖြစ်ပုံကို ပြောရမယ်ဆိုရင် ဆယ်နှစ်ကျော် သုံးခဲ့တဲ့ facebook account disabled ဖြစ်သွားတာက စရမယ်။ ဝေးသီခေါင်လံတဲ့ နေရာတစ်ခုမှာ ဖွင့်တဲ့ သင်တန်းတစ်ခု တက်နေတုန်း အင်တာနက် connection က ပြတ်တောင်းပြတ်တောင်းဖြစ်နေတဲ့အချိန်ဖြစ်နေတဲ့အချိန် Account က Disabled ဖြစ်သွားတာ။ Appeal ပြန်တင်လည်း COVID ကာလမို့ သူတို့လည်း စီစစ်မပေးနိုင်သေးပါဘူးပဲ အကြောင်းပြန်တယ်။

ထားတော့ပေါ့။ သိပ်တော့လည်း ဝမ်းမနည်းလိုက်ရပါဘူး။ သင်တန်းမှာ ပြေးလိုက်လွှားလိုက်နဲ့ဆိုတော့။ စိတ်နာနာနဲ့ တွေးမိသေးတဲ့ ငါ လေးငါးဆယ်နှစ် Facebook သုံးလာလည်း ဘာမှ ရလာတာ မရှိပါဘူးဆိုပြီး :D ။

အိမ်နဲ့ပြောဖို့အတွက်ပဲ account တစ်ခုလုပ်ထားလိုက်တယ်။ နှစ်လလောက် ရှိမယ် ထင်တယ်။ ဘယ်သူနဲ့မှလည်း အဆက်အသွယ်မလုပ်သလို ဘယ်သူတွေ ဘာဖြစ်နေမှန်းလည်း မသိ။ ဒါလည်း အဆင်ပြေတာပဲ။ တစ်ခုပဲ အလုပ်လုပ်လက်စ Client တွေနဲ့ ပြောဖို့အတွက်ကျတော့ Personal Account မှာ အဆင်မပြေ၊ ဒါနဲ့ပဲ အလုပ်အတွက် account တစ်ခု ထပ်လုပ်ထားရရော။ အဲ့ account မှာတော့ နည်းပညာနဲ့ ဆိုင်တဲ့ သူတွေကို follow လုပ်ထားရတယ်။ ကိုစေတန်စီမှာလားမသိ တွေ့တာ မြန်မာနိုင်ငံက လူငယ်တွေအတွက် Software Engineering 2020 Contest လုပ်မယ်၊ စိတ်ဝင်စားရင် စာရင်းပေးပါဆိုတာနဲ့ ဖောင်ဖြည့်ပေးထားလိုက်တယ်။ ပြီးတော့လည်း မေ့မေ့ လျော့လျော့ ပါပဲ။ တစ်ရက် email ဝင်လာမှ ပြန်သတိရတယ်။ Team Register လုပ်ဖို့ နဲ့ ပြိုင်ပွဲအတွက် MS Team link ပို့ပေးတာ။

ဆိုတော့ကာ ကိုယ့်မှာက Team မရှိတော့ Team မရှိတဲ့သူအချင်းချင်း ဖွဲ့ပေးမှာလားလို့ ပွဲစီစဉ်တဲ့သူတွေကို မေးရတယ်။ သူတို့က ဖွဲ့ပေးဖို့ အစီအစဉ်မရှိပါဘူးတဲ့ ကိုယ့်ဘာသာကိုယ် လိုက်မိတ်ဆက်ပြီး အဆင်ပြေတဲ့ Team တစ်ခုမှာ join ဖို့ ကြိုးစားကြည့်ပါလို့ reply ပြန်လာတယ်။ အေးရော ။ ကိုယ့်ကိုယ်ကို မိတ်ဆက်ဆို ဘယ်က ဘယ်လို စမိတ်ဆက်ရပါမလဲ။ ထုံးစံအတိုင်း အမည်၊ အလုပ်အကိုင်၊ ပညာအရည်အချင်းနဲ့ ကိုယ့်ရဲ့ ဘွဲ့ယူစာတမ်းအကြောင်း နည်းနည်းပါးပါးရေးပြီး ပြိုင်ပွဲမှာ ပါတဲ့ Team တွေကို email ပို့ပြီး လိုက်မိတ်ဆက်ရတယ်။ အဲ့မှာ ပွဲစီစဉ်တဲ့ ဆရာသမား ကိုဇင်မင်းက အားကောင်းတဲ့ team member ဖြစ်လာနိုင်လို့ ခေါ်ကြပါဆိုပြီး comment ပေးတယ်။

ဆရာသမား comment ဖတ်ပြီး ကိုယ့်ကိုယ်ကိုတောင် သဘောကျသွားတယ်။ :D email ပို့ပြီး ၂၄ နာရီအတွင်း Team နှစ်ခုက လာကမ်းလှမ်းတယ်။ ပထမ Team မှာက C# သမားလိုနေတာဆိုတော့ ကိုယ်နဲ့ အဆင်မပြေ။ ကိုယ်က Backend လောက်ပဲ အားသန်တာ။ နောက် Team က Two Guys. ဒီအဖွဲ့ကတော့ UI/UX Designer နဲ့ Frontend Developer နှစ်ယောက်နဲ့ ဖွဲ့ထားတာ။ ကိုယ်က Backend ပိုင်း တာဝန်ယူယူနိင်တယ်ဆိုပြီး join ဖြစ်သွား‌ရော။

ပြိုင်ပွဲထုံးစံအတိုင်း ခက်ခဲကြမ်းတမ်း :P။ Requirement တွေ လိုက်ဖတ်ကြည့်တုန်းက အော် CRUD Module သေးသေး‌‌လေး ရေးရမှာပါပဲ ဆိုပြီး အေးဆေးလို့ တွက်လိုက်တာ။ ပြိုင်ပွဲ ပထမ နေ့မှာပဲ Meeting မှာ တောင်းလိုက်တဲ့ document တွေက နည်းတာမဟုတ်။ Plan ပေါင်း သောင်းခြောက်ထောင်။ Project Plan, Risk Accessment Plan ဘာ ပလန် ညာပလန် စုံနေတာပဲ။ ကိုယ်က ကျောင်းမှာကတည်းက assignment ရေးရမှာတောင် ပျင်းတဲ့သူဆိုတော့ နည်းနည်းတော့ လန့်သွားတယ်။ ဒါပေမယ့် Team တစ်ခုရဲ့ အားက ဒီမှာ ဝင်လာတယ်။ Team Member နှစ်ယောက်လုံးက ကိုယ့်ထက် ငယ်တယ်။ အလုပ်တော့ တော်တ်ောကိုအားထည့် ပြီး လုပ်ကြတယ်။ ဆိုတော့ ဒီလို Documentaion အပိုင်းကို UI/UX Designer ဖြစ်တဲ့ ညီလေး ပြည့်ဖြိုးက တာဝန်ယူပြီး အကုန်လုပ်ပေးတယ်။ ကိုယ်တို့က လိုအပ်တဲ့ technical concept တွေ နည်းနည်းပါးပါး ပြောရုံပဲ။

နောက် Frontend Developer ဖြစ်တဲ့ ညီလေး Reti ကလည်း တော်တော်လေး အတွေ့အကြုံရှိတယ်ဆိုတာ သိသာတယ်။ ကိုယ်တို့က Restful Webservice သုံးပြီး‌ရေးတာဆိုတော့ ပုံမှန်ဆိုရင် Frontend သမားနဲ့ Backend သမားက api documentation ဖတ်ပြီး ကိုယ့်အပိုင်းကိုယ် ရေးရုံပဲ။ သိပ်ပြီး ညှိနှိုင်းနေစရာမလိုဘူး ။ ဆိုရရင် Theroy အတိုင်းပဲ အပိုဆာဒါးတွေ ပြောစရာ မလိုပဲ အလုပ်ဖြစ်တယ် ပြောရမှာပေါ့။ တစ်ခုပဲ ကိုယ့်ဆရာတွေက English ‌‌ကျောင်းဆင်းတွေဆိုတော့ အဂ်လိပ်လိုပဲ ပြောကြ ရေးကြတာများတယ်။ email အရေးအသားတွေ ကြည့်ရင် ပိုသိသာတယ်။ လေယူလေသိမ်းတွေကလည်း ငပိသံ မဟုတ်တော့ သေချာတော့ လိုက်နားထောင်ရတယ်။ :D

နေ့တိုင်း Team Meeting လုပ်လိုက်၊ coding ရေးလိုက်၊ Knowledge Sharing Section တွေ သွား Join လိုက်နဲ့ ပြိုင်ပွဲကာလအတွင်း ညဘက်တွေ အိပ်ရေးတော်တော် ပျက်ရတယ်။ ကိုယ်က ဝန်ထမ်းဖြစ်နေတာလည်း ပါမှာပေါ့။ အလုပ်လုပ်ချင်ရင် ကိုယ့် အိပ်ချိန်ထဲကပဲ လုပ်ရတယ်။ Team က ညီလေးတွေကလည်း flexble ရှိတယ်၊ ကိုယ်အားတဲ့ ညဘက်ပဲ meeting လုပ်ပေးတယ်။ မဟုတ်ရင် အချိန်ခွဲဝေမှုမှာ တော်တော် ပြသနာတက်မှာ။

စဝင်ပြိုင်တုန်းကတော့ အတွေ့အကြုံရဖို့ပဲ ရည်ရွယ်တာပါ။ Prize ကလည်း S$ 100 ဆိုတော့ သိပ်ပြီး မက်မောရမယ့် ပမာဏမဟုတ်။ ဒါပေမယ့် ပြိုင်နေရင်းနဲ့ တော့ အကောင်းဆုံးကြိုးစားကြမယ် ဆိုပြီး အိပ်ရေးတွေ ပျက်ကုန်တာ :P

ပြိုင်ပွဲမှာ ရလဒ်ကောင်းခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်။ ကိုယ့်ရဲ့ ပထမဆုံး အပြင်က ပြိုင်ပွဲမှာ ပထမဆုနဲ့ စဖွင့်ခဲ့ရလို့လည်း ဂုဏ်ယူမိပါတယ်။

Knowledge Sharing Section မှာ မှတ်သားခဲ့ရတာတွေ၊ နောက် Team တစ်ခုအနေနဲ့ ဒီလိုမျိုး solution တစ်ခု ထွက်လာအောင် run တဲ့အခါ ကြုံရတဲ့ အတွေ့အကြုံနဲ့ အခက်အခဲတွေကိုအခက်အခဲတွေကို နောက်မှပဲ သပ်သပ် ရေးပါဉီးမယ်။

Written on November 17, 2020