လမ်းပျောက်ခြင်းများ

ဘယ်တော့မှ ရိုးမသွားတဲ့ လမ်းပျောက်ခြင်းတွေပေါ့။

ကိုယ်တို့ရေးထားတဲ့ Mobile App တစ်ခုကို promotions ဆင်းမယ်ဆိုပြီး ပြင်တဲ့အချိန်၊ သူငယ်ချင်းတစ်ယောက်က သုံးမရဘူး ပြောလို့ ပြန်စစ်ကြည့်တော့ ထင်တဲ့အတိုင်း World Wide Myanmar က ပိတ်ချလိုက်ပြီ။

World Wide Myanmar ဟာ အမြဲလိုလို ကိုယ့်ကိုယ် စိတ်ပျက်စေခဲ့တာချည်းပဲ။ အသုံးပြုသူ တစ်ရာဝန်းကျင်ရှိတဲ့ App တစ်ခုရဲ့ backend server ကို ပိတ်ချလိုက်တယ်။ ပထမဆုံးတစ်ခါတော့ notice ဝင်လာပေမယ့် အခုတစ်ခါတော့ ဘာမှ မလာပဲ ဒီအတိုင်းပိတ်ချလိုက်တယ်။

ထားပါတော့လေ ထုံးစံအတိုင်း ကိုယ်မှ Terms and Conditions တွေကို ဖတ်မကြည့်ခဲ့တာ။ သူတို့မှာ လုပ်ပိုင်ခွင့်ရှိတော့လည်း လုပ်ပါစေပေါ့။

ဒီမှာ စပြီးတိုင်ပတ်တာ။ Production Server တစ်ခုဝယ်ရတော့မယ် ဆိုတော့ ရွေးစရာတွေက ခေါင်းထဲ အစီအရီ ပေါ်လာတယ်။ အရင်တစ်ခါ သုံးနေကြ Vultra ပဲ ပြန်သွားသုံးရမလား?

Free Credit တွေ အပြိုင်အဆိုင်ပေးနေတဲ့ Digital Ocean နဲ့ Google Cloud ကိုပဲ ပြေးဝယ်လိုက်ရင် ကောင်းမလား? ခက်တာက ကိုယ်ကလည်း server setup လုပ်တာကို ပျင်းလွန်းတော့ Heroku ကပေးထားတဲ့ CI/CD ကိုလည်း လက်မလွတ်နိုင်။ ဒါပေမယ့် Heroku မှာကြတော့လည်း သူ့ရဲ့ file system က ephemeral filesystem ဆိုတော့ကာ file upload တွေဘာတွေအတွက် အဆင်မပြေ Amazon S3 လိုမျိုး storage တစ်ခု ထပ်သုံးရမယ်။ နောက်ပြီး database ကိုလည်း သီးသန့် remote mysql database ပဲ ဖြစ်ဖြစ် သူ့မှာ ရောင်းတဲ့ Heroku Postgres ပဲ ဖြစ်ဖြစ် ထပ်ဝယ်ရမယ်။ ဝယ်တာက ဝယ်ချင်ပါတယ် ကိုယ့်အပေါ်မှာ ‌ကျေးဇူးရှိတဲ့ ကုမ္မဏီပဲဆိုတော့။ ဟုတ်တယ် ကိုယ့် Thesis က Heroku ကြောင့် အဆင်ပြေခဲ့တာ :D ။ သတိရလို့ အခုချိန် ပြန်သွားကြည့်ရင်တောင် ကိုယ့်ရဲ့ ကလေးလက်ရေးနဲ့ website တစ်ခုက up and running ဖြစ်နေတုန်း။ Thanks Heroku!

ထားပါတော့။ အခုတော့ ကိုယ့်မှာ ဘယ်လမ်းကို လိုက်လို့လိုက်ရမှန်းမသိ။ လမ်းဆုံမှာ ကမ်းကုန်အောင် အော်လိုက်ချင်ပါတယ်။ Happy informal လို့။ အိပ်တာပဲ ကောင်းပါတယ်လေ။

2020-11-27 12:21 AM

Written on November 26, 2020