stackoverflow and me

တစ်ခါတစ်လေကျတော့လဲ stackoverflow မှာ လူလည်အဖြေတွေကို တွေ့ရတယ်။

တစ်ခုကြုံရတာလေးပါ။ ကျွန်တော်က PHP မှာဆိုရင် database query တွေကိုကိုယ်တိုင်မဆောက်ဖြစ်ပဲ Redbean ဆိုတဲ့ ORM သုံးဖြစ်တာများတယ်။ ဆိုတော့ ကိုယ့် Project နဲ့ကိုယ် အစအဆုံးရေးရတုန်းက ပြဿနာမရှိဘူး။ Team နဲ့ Project တစ်ခု ပေါင်းရေးဟေ့ ဆိုတဲ့အချိန် ဇာတ်လမ်းကစတယ်။

DBA သမားအတွက် database ကို manual ဆောက်ပေးထားတာ။ အဲ့မှာ ဒီ database ကို backend သမားကလည်း ကျွန်တော့အတွက် API ထုတ်မပေးနိုင်သေးတော့ ကိုယ့်ဘာသာကိုယ် sample query လေး တစ်ကြောင်းလောက် ရေးပြီး api စမ်းကြည့်မယ်ပေါ့။ တွေးလိုက်တာ။

ကိုယ်တိုင် databse query မရေးတာ တော်တ်ောကြာပြီဆိုတော့ ပျင်းပါတယ်။ သုံးနေကျ redbean ပဲ သတိရတယ်။ ဒါနဲ့ redbean သုံးမယ်ပေါ့. ကြည့်လိုက်တော့ ဆရာသမားက existing database တွေနဲ့ ချိတ်ဆက်ပြီး သုံးဖို့ဆိုရင် အတော်တိုင်ပတ်လာတာကို သတိထားမိတယ်။

ကျွန်တော်တို့ ဆောက်ထားတဲ့ database structure ကို Redbean က သိဖို့ column name တွေ၊ table name တွေပါ ပြန်ပြောင်းပေးရမလို ဖြစ်လာတယ်။ အိုကေ column name လောက်တော့ ပြောင်းမယ်ပေါ့ဆိုတော့လည်း column တွေက Primary Key Column တွေ ဖြစ်နေတော့ MySQL က foreign key တွေ ရှိနေလို့ အပြောင်းမခံ။

ဒါနဲ့ပဲ stackoverflow မှာ အားကိုးတစ်ကြီးရှာတော့ တွေ့ပါတယ်။ database တစ်ခုလုံး dump လုပ်ပြီး အဲ့ထဲက column name တွေကို ကိုယ်လိုချင်တဲ့ နာမည်နဲ့ ပြန်ပြီး search and replace လုပ်လိုက်ပါတဲ့။ ပြီးမှ database တစ်ခုလံုး restore ပြန်လုပ်ပေါ့။ အေးရော။ technical အဖြေတွေအပြင် လူလည်ကြီးသားသမီး အဖြေတွေပါ ရပါတယ်ဆို။ :D

Written on December 2, 2020