Data never lie but we do.
· Aung Ko Man

ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို comfort zone မှာထားဖို့အတွက် ကိုယ့်ကိုယ်ကိုပဲ ပြန်လိမ်နေကြရတယ်။ ဒါပေမယ့် အပြင်က ကိန်းဂဏန်းအချက်အလက်တွေကတော့ ကျွန်တော်တို့ကို ဘယ်တုန်းကမှ မလိမ်ခဲ့ဘူး။
ဆိုရရင်ဗျာ။ ကျွန်တော်တို့ အဖွဲ့က ရေးထားတဲ့ Mobile App တစ်ခုကို Playstore မှာတင်ထားလိုက်တယ်။ Facebook မှာလည်း post တွေဘာတွေ တင်တယ်ပေါ့ဗျာ။ စိတ်ထဲမှာတော့ လူတစ်ချို့တစ်လေ စိတ်ဝင်စားလိမ့်မယ်၊ ကျွန်တော်တို့ ရေးထားတာလေးကို သုံးလိမ့်မယ်ပေါ့ အဲ့သလိုတွေးထားတယ်။
ဒါပေမယ့် စစ်တမ်းတွေကို ပြန်ကြည့်တဲ့အခါ install လုပ်ထားတဲ့သူက ဘယ်နှစ်ယောက် uninstall လုပ်ထားတဲ့သူက ဘယ်နှစ်ယောက် ဆိုတာကို တွေ့ရတယ်။ install လုပ်ထားတဲ့သူအရေအတွက်ကို ကြည့်ရင် စိတ်ချမ်းသာသလောက် uninstall လုပ်သွားတဲ့သူ အရေအတွက်ကို ကြည့်ရင် လက်မခံနိုင်ဘူး။ နာကျင်ရတယ် ပထမဆုံးအကြိမ်မှာ။ ကျွန်တော်တို့က ဒီ စစ်တမ်းတွေကို မကြည့်ခင်တုန်းက စိတ်ချမ်းသာတယ်။ သြ ငါတို့ App ကလေးကို စိတ်ဝင်စားတဲ့သူတွေကတော့ သုံးနေကြမှာပဲလို့ တွေးပြီး ကိုယ့်ကိုယ့်ကို သက်တောင့်သက်သာဖြစ်အောင် နေတယ်။ တကယ့် အချက်အလက်တွေလည်း တက်လာရော စိတ်ဆင်းရဲရရော :D