← All writing

အလုပ်မတွင်ခြင်းများ

· Aung Ko Man

Laptop displaying software code
Illustrative photo by AltumCode on Unsplash.

ကျွန်တော် ကတော့ Laptop နဲ့ code ရေးရတာ သိပ်တော့ အဆင်မပြေ၊ အနည်းဆုံးတော့ Wireless Mouse တော့ ပါမှ ထင်ပါရဲ့။

ရုတ်တရက်ကြီး Q ဝင်ဆိုတော့ Laptop ဆွဲပြီး Q Center ပြေးရတယ်။ Mouse တွေဘာတွေလည်း ပါမလာ။ အဲ့မှာ ဘာတစ်ခုသတိထားမိလည်း ဆိုရင် အလုပ်မတွင်တာပဲ။ Vivobook ရဲ့ keyboard က ရိုက်ရတာ အဆင်ပြေတဲ့အထဲမှာ ပါပါတယ် ( Mi Notebook Air လောက် မကောင်းပေမယ့် )။ ခက်တာက touch pad က သုံးရတာ စိတ်သွားတိုင်း ကိုယ်ပါတယ်လို့ မခံစားရဘူး။ တစ်ခုခု နှောင့်နှေးနေသလိုပဲ ခံစားရတယ်။

Q ဝင်နေတဲ့ ဟုတ်တိပတ်တိ အလုပ်မပြီးဘူး ပြောရမယ်။ အခန်းက Monitor နဲ့ Keyboard ပဲ လွမ်းနေရော။ နောက်ဆိုရင်တော့ Keyboard မသယ်နိုင်တောင် Mouse လောက်တော့ ထည့်သွားမှပဲလို့ တွေးမိတယ်။

နောက်တစ်ခု အလုပ်မတွင်ရတဲ့ အကြောင်းအရင်းက တော့ စိတ်လေတာပဲ ထင်တယ်။ စိတ်ဘာလို့လေလည်း အကြောင်းအရင်းရှာကြည့်ရင် Facebook ပေါ်မှာ အချိန်ကြာကြာနေလို့လို့ပဲ အဖြေရတယ်။

ကျွန်တော်တို့ Team က သေးသေးလေးဆိုတော့ Product တစ်ခု ရေးပြီးဆိုရင် အစအဆုံး ဒီလူတွေကပဲ လုပ်ရတယ်။ ငါတို့ကတော့ Programmer ပဲကွာ code ပဲရေးမယ်လုပ်လို့မရဘူး။ UI/UX ဆွဲတာက အစ ကုတ်‌ရေးတာ အလယ်၊ Social Media မှာ ကိုယ့် product ကို Promotion ဆင်းဖို့အတွက် လိုအပ်တဲ့ content တွေ ရေးတာအဆုံး ဒီ အဖွဲထဲကလူတွေပဲ တက်သလောက် မှတ်သလောက် လိုက်လုပ်ကြရတယ်။ ဆိုတော့ကာ ပြီးခဲ့တဲ့ အပတ်က Api Integration လုပ်တော့ သုံးနာရီအတွင်း up and running တက်လာတယ်။ တော်တော်ပျော်သွားတာ။ ကိုယ့် Team ကိုယ်လည်း သ‌ဘောကျသွားတယ်။ ဒါနဲ့ Production Server ပေါ် တင်ပြီး public ကို ချပြလိုက်တယ်။သိပ်မကြာပါဘူး Bug ပေါင်း သောင်းခြောက်ထောင်နဲ တစ်ပတ်လောက် မအိပ်နိုင် မစားနိုင် ထိုင်ရှင်းကြရရော :D>