← All writing

စိတ်ဆိုးခြင်းဟာ ကျန်းမာရေးကို ဆိုးရွာစွာ...

· Aung Ko Man

Notebook and fountain pen for planning and reflection
Illustrative photo by Niko Nieminen on Unsplash.

ကျွန်တော်က စိတ်ဆိုးလွယ်တဲ့သူတော့ မဟုတ်ပါဘူး။ ရေလိုက်ငါးလိုက်နေရင်နေ၊ မနေရင် တစ်ဉီးတည်း သီးသန့်နေတာများတယ်။ ဒီတော့ လူတွေနဲ့ ပြောဆိုဆက်ဆံရတာကြောင့် သိပ်ပြီး စိတ်ဆိုးစရာ ကိစ္စတွေ မရှိဘူးပေါ့ဗျာ။

ကိုယ့်လူနဲ့ စကားပြောတဲ့အခါလည်း ဒီအတိုင်းပါပဲ။ အထူးသဖြင့် ကိုယ်မေတ္တာရှိတဲ့သူဆိုတော့ လေသံမာမာနဲ့တောင် မပြောဖြစ်ပါ။ ဒီလိုပဲ လူနှစ်ယောက်ကြားမှာ relationship တစ်ခုရှိပြီ ဆိုရင် တစ်ယောက်သဘောနဲ့ တစ်ယောက်ညှိရနှိုင်းရတာတွေမှာ conflict တွေရှိလာတယ်။ ကျွန်တော်တို့ ရဲ ့conflict resolution ကတော့ ရှင်းတယ်။ တစ်ယောက်‌ယောက်ကတော့ အလျော့ပေးရတာမျိုး။ သိပ်ပြီး ညှိနှိုင်းမနေရဘူး။ Do or Die ပဲ။