← All writing

နေရာ

· Aung Ko Man

Sunlight falling on a woodland path
Illustrative photo by Elke Karin Lugert on Unsplash.

နေရာ

ကျွန်တော် ဒီနေရာကို အကြိမ်ကြိမ်ရောက်ဘူးပါတယ်။ ဒီလူတွေနဲ့လည်း အကြိမ်ကြိမ်ဆုံဘူးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကျွန်တော့ အပေါ် ပြုမူဆက်ဆံပုံတွေဟာ တစ်ကြိမ်နဲ့ တစ်ကြိမ်တော့ မတူခဲ့။

ပထမ ဆုံး ဒီနေရာကို ရောက်လာတော့ တကယ်ကို မျက်စိသူငယ် နားသူငယ်နဲ့။ နောက်ဆုံးတစ်ခေါက် ဒီတစ်ခါးကို ပြန်ရောက်တော့... somethig has changed.

နေရာ

ကျွန်တော် လာခဲ့တဲ့ နေရာအပေါ် မူတည်ပြီး ကျွန်တော့်အပေါ် ပြုမူဆက်ဆံပုံတွေက ပြောင်းသွားကြတယ်။

ကျွန်တော် ဝတ်စားထားတဲ့ ပုံစံအပေါ် မူတည်ပြီး အလေးအနက်ထားတဲ့ ပုံစံ ပြောင်းသွားကြတယ်။

ကျွန်တော့ အပေါ် ဘယ်တော့မှ မပြောင်းတာ ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေပဲ ရှိမယ်ထင်ပါရဲ့။


တောင်ငူမှာတုန်းက ဖုန်းဆိုင်ကြီး တစ်ဆိုင်မှာကြုံခဲ့ရတာလေး။ တောင်ငူဆိုတာ လေးငါးခြောက်လ နေမှ တစ်ခေါက်ရောက်တဲ့ မြို့ဆိုတော့ မြို့ပေါ် ရောက်တုန်း ဖုန်းကာဘာလေးဘာလေး လဲ၊ power bank တို့ နားကြပ်တို့ စသည်ဖြင့်ပေါ့ ဟိုဝယ် သည်ဝယ်။ ဆိုင်ကလည်း ဆိုင်ကြီး ဆိုတော့ တစ်ယောက်ချင်းစီကို သေချာ အချိန်မပေးနိုင်ဘူး။ လိုချင်တာ မြန်မြန်ပြော၊ ရှိရင် ရမယ်၊ မရှိရင် ဒိုးပဲ။ ကိုယ် ကိုင်တဲ့ ဖုန်းကလည်း တော်တော်လေး ဟောင်းနေပြီဆိုတော့ သူတို့စီမှာ ဒီဖုန်းကာဘာ မရှိတော့ဘူး။ ဆိုတော့ ဒီအတိုင်းပဲ လှည့်ပြန်လာခဲ့တယ်။ စိတ်ထဲလဲ သိပ်မရှိပါဘူး၊။

ဖြစ်ချင်တော့ နောက်တစ်နေ့ CO နဲ့ အစည်းအဝေးတစ်ခု လိုက်လာရင်း အဲ့ဆိုင်မှာ CO ရဲ့ ipad အတွက် apple giftcard ဝယ်လို့ရမလား ဝင်မေးရတယ်။ ထုံးစံအတိုင်းပဲ giftcard လည်း မရှိပါဘူး။ ဒါပေမယ့် လိုချင်ရင် ရန်ကုန်ကနေ မှာပေးမယ် ဘာဘာညာညာ သေချာရှင်းပြနေတော့ တွေးမိတယ်။ သြ လူတွေ လူတွေ။ မနေ့ကပဲ အရပ်ဝတ်နဲ့ လာဝယ်တုန်းက ဆက်ဆံပုံက တစ်မျိုး၊ ဒီကနေ့ ယူနီဖောင်းနဲ့ ကားပေါ်က ဆင်းလာတော့ တစ်မျိုး ဆက်ဆံပုံတွေက မတူပါလားလို့။