← All writing

Information Overloaded.

· Aung Ko Man

Laptop displaying software code
Illustrative photo by AltumCode on Unsplash.

Information Overloaded ဖြစ်တယ် ဆိုတာ ဒါမျိုးလား မသိ

Facebook News Feed မှာ ကြည့်လိုက်သမျှ ဒါတွေချည်းပဲ။ ကြာကြာတောင် မကြည့်နိုင် စိတ်ညစ်လို့။ သတင်းတွေကို အမှန်တဝက် အမှားတဝက် ရောတင်။ လုံးလုံးကြီး မှားနေတာမျိုးလည်း ရှိသေးတယ်။ ကြယ်ငါးထုံး နှလုံးမူပြီး လိုက်ကောက်ပေးရင် ကောင်းမလား စဉ်းစားသေးတယ်။ ခက်တာက ကိုယ်ကလည်း ဘာကောင်မှ မဟုတ်။ ကိုယ့် Professional Field မှာဆိုရင်တောင် သေချာလေး ပြောပြလို့ ရသေးတယ်။ အခုက သူတို့ပြောနေတဲ့ အသုံးအနှုန်းတွေကိုတောင် မနေ့ တစ်နေ့ကမှ ကြားဘူးတာဆိုတော့။ လက်ဝဲလား လက်ယာလား၊ ဒီမိုကရေစီလား ကွန်မြူနစ်လား၊ blah blah ပေါင်းများစွာနဲ့။

မြတ်စွာဘုရားက စကားကိုပြောတဲ့အခါ ဟုတ်မှန် ၊ အကျိုးရှိ၊ ကြားရသူ နှစ်သက် ဆိုတဲ့ အချက်သုံးချက်ပြည့်မှ ပြောသင့်တယ်တဲ့ ဟုတ်မှန် ၊ အကျိုးရှိ တယ်ဆိုရင်လည်း ရန်ဖန် ရန်ခါ ပြောပါ လို့ ဟောတယ်။

ဒီလူတွေကို ပြောလည်း အကျိုးရှိပါမလား ဆိုတာ မသေချာ၊ အချို့လူတွေဟာ ကယ်တင်မခံချင်ကြဘူး မို့လား။ကိုယ်ရောက်ဖူးတဲ့ နယ်ပယ်လောက်ကိုပဲ မြင်တဲ့သူတွေ၊ ကိုယ်ကြားချင်တာကိုပဲ နားထောင်တဲ့ သူတွေက များတာ ဆိုတော့ ရေငုံ နှုတ်ပိတ်ပြီးပဲ နေလိုက်တော့တယ်။ ကျွန်တော်တို့မှာ insecurity ကိုယ်စီရှိကြတယ်မို့လား၊ ကိုယ့်ကိုယ်ကို မပြည့်ဝဘူး လိုအပ်ချက်တွေပဲ ရှိတယ် ထင်ခဲ့ကြတာ။ ကိုယ့်ထက် ပြည့်ဝတဲ့ ကိုယ်သဘောကျတဲ့ သူတွေကတောင် ရိုင်းရိုင်းစိုင်းစိုင်းတွေ ဆဲဆိုပြီး တင်နေကြတာ တွေ့ရတော့ ကိုယ့်မိဘတွေကိုယ် ပြန်ကျေးဇူးတင်မိတယ်။ သြ မိဘတွေဟာ ဂါရဝ တရားနဲ့ ပတ်သက်ပြီး တော်တော်လေး သင်ပေးထားဖို့ လိုတယ်လို့လဲ တွေးမိတယ်။

မြန်မာပြည်ကြီး Good Luck ပေါ့ဗျာ။