← All writing

Day 12 - Hello Mongo CRUD

· Aung Ko Man

Laptop displaying software code
Illustrative photo by AltumCode on Unsplash.

Day 10 ကတည်းက Mongo CRUD ရေးပြီးတာ Day 12 ရောက်မှပဲ Mobile App နဲ့ ချိတ်တဲ့အဆင့်ကိုရောက်တယ်။ အလွယ်တကူ Copy Paste ပြီး မြန်မြန်ဆန်ဆန်ကူးချခြင်းရဲ့ ဆိုးကျိုးတွေပေါ့။

Database Connection တစ်ခု စယူရင် error handling လုပ်ရမယ်ဆိုတဲ့ အခြေခံအချက်လောက်တောင် မေ့သွားပြီး အို အဆင်ပြေပြီးတာပဲ ဆို ရှေ့ဆက်ရေးတာ တိုင်တွေပတ်ကုန်ရော။

အရပ်ကူပါ လူဝိုင်းပါနဲ့ နှစ်ရက်လောက် ရွာလည်သွားတယ်။ ကျန်တဲ့သူတွေကလည်း ဝိုင်းပြောတယ်။ သူတို့တော့ အဆင်ပြေတဲ့အကြောင်း၊ ကိုယ် Psycho ရိုက်တာက အခုကာလကြီးမှာ VPN ပိတ်ဘာပိတ်ညာပိတ်နဲ့ ဆိုတော့ Mongo Atlas လည်း ပါသွားပြီလား မသိဘူးပေါ့။

နောက်တော့ စိတ်ကိုအေးအေးထားပြီး Documentation ပြန်ဖတ်မှ Connection ယူတဲ့အခါမှာ Error Handling လုပ်တာသွားတွေ့တယ်။ အဆင်ပြေသွားရောပေါ့ဗျာ။

Restful Webservice က Mongo သုံးလိုက်တဲ့အချိန်မှာ အရင် မြန်ပါတယ်ဆိုတဲ့ ကိုယ်ရေးနေကျ PHP ထက်တောင် Development Time ပိုမြန်တာကို တွေ့ရတယ်။

Lesson Learn ကတော့ စာသေချာဖတ်ဖို့၊ မလောဖို့။

Mobile ဘက်မှာလည်း Coding Structure ပြန်ပြင်နေတာ အတော်လေး ခရီးရောက်လာပြီ။ မနက်ဖြန်လောက်ဆိုရင် Live Server နဲ့ အကုန်ချိတ်နိုင်မယ်လို့ မျှော်လင့်ရတယ်။

JS မှာ Double တွေ ပေါင်းတာ အဆင်မပြေတဲ့အကြောင်း၊ nodemon တင်လိုက်တာ Express ရေးတဲ့အခါ ပိုပြီး အဆင်ပြေသွားတယ်ဆိုတဲ့အကြောင်းတွေ တော့ နောက်မှ ရေးပါဉီးမယ်