← All writing

Day 16 - Apple Developer

· Aung Ko Man

Laptop displaying software code
Illustrative photo by AltumCode on Unsplash.

Apple Developer Console ကို ဝင်ကြည့်ပြီးရင် အခုပဲ Apple Device တွေကိုင်ရတော့ မလိုခံစားရတယ်။ ကိုယ်နဲ့ကတော့ ဝေးပါသေးတယ်။

အခု နီးစပ်တဲ့ စက်တွေ အကုန်လုံးကလည်း ကျိန်စာသင့်နေသလား အောက်မေ့ရတယ်။ ပထမ MacBook Pro 2012 လောက် ဖြစ်မလား မသိ၊ တော်တော်တော့ နောက်ကျနေပြီ။ အဆင်မပြေ၊ Xcode နဲ့ Emulator ဖွင့်တာ နှစ်နာရီလောက် ကြာသွားတယ်။

ဒါနဲ့ အလုပ်က iMac ကို သွားမျက်စောင်းထိုးတယ်။ သူက ပိုပြီး အခြေအနေဆိုးနေတယ်။ Apple ကို image ကောင်းကောင်းနဲ့ပဲ မြင်ချင်နေတဲ့ ကိုယ်ဟာ ဒီစက်နှစ်လုံးကြောင့် စိတ်တော့ ညစ်သွားတယ်။ မဖြစ်ချေဘူးပေါ့။ အငတ်ခံပြီး M1 လောက် ပြေးဝယ်ရမယ်လို့ပဲ စိတ်ကူးပေါက်တော့တယ်။

တစ်နေ့နေ့ပေါ့ Apple Developer ဖြစ်လာမှာပါ။