Day 20 - The art of log reading
အခုရက်ပိုင်းတွေ သတိထားမိတာက အလုပ်လုပ်တဲ့အခါ ပရိုဂရမ်ရေးတာထက် log ထိုင်ဖတ်နေရတဲ့ အချိန်က ပိုများလာသလိုပဲ။
အရင်က log ဆိုတာမျိုးက တကူးတက ဖတ်ရလောက်တဲ့ အကျင့်မရှိဘူး။ အလွန်ဆုံး comment ရေးတာလောက်ပဲ ရှိတာ။ အခုက ကြီးမားရှုပ်ထွေးလာတော့ (အမှန်က ကိုယ့်ဉီးနှောက်ကလေးက ပိုပိုပြီး သေးသွားတာလား မသိ ) ပရိုဂရမ် တစ်ပုဒ် run လိုက်ရင် ဘယ်ရောက်လို့ ဘယ်ပေါက် နေမှန်းမသိ၊ error တက်ပြီး ရပ်သွားရင် ဘယ်က စကိုင်လို့ ကိုင်ရမှန်း မသိတာတွေ များလာတော့ coding တစ်ကြောင်း log တစ်ကြောင်း ရေးရတော့တာပဲ။
Written on February 24, 2021