← All writing

Day X - Night with over thinking

· Aung Ko Man

Notebook and fountain pen for planning and reflection
Illustrative photo by Niko Nieminen on Unsplash.

အိပ်လို့ မရဘူး ဖြစ်နေတယ်။

အတွေးတွေပေါင်း ပေါင်းစုံပဲ။ နောက်ပြီး သွားကိုက်တာလည်း ပါမယ်။ စိတ်ရော လူရော အဆင်မပြေတဲ့ ကာလပဲ။

ရန်ကုန်မှာ တစ်ယောက်တည်း ဖြစ်နေတဲ့ ညီမလေးကိုလည်း စိတ်ပူရတယ်။ ဘယ်အိပ်ပျော်မှာလည်း လို့ တွေးမိရင် ကိုယ်လည်း အိပ်မပျော်တော့ဘူး။ ကိုယ်သာ ပျော့ပြောင်းခဲ့ရင်၊ ကိုယ်သာ ပိုပြီး အပိုးကျိုးခဲ့ရင် အခုချိန် ရန်ကုန်မှာ နေပြီး ညီမလေးကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့လဲ နောင်တ နဲ့ တွေးမိတယ်။

အမှန်တော့ အရှုံးသမား အတွေးတွေပါ။ ကိုယ်မှန်တယ် ထင်တာကို လုပ်ခဲ့ပြီး ကိုယ့်လမ်းကို ရွေးခဲ့ကြတာပဲ မို့လား။ ဖြစ်လာသမျှတော့ ရင်ဆိုင်ရမှာပေါ့။

အလုပ်အကြွေးတွေ အကြောင်းလဲ တွေးမိတယ်။ လုပ်ပေးရမှာတွေက များပြီး ရောက်နေတဲ့ နေရာက အင်တာနက်ကအစ စားရေးသောက်ရေး အလယ် နေရေးထိုင်ရေးအဆုံး ဘာတစ်ခုမှ အဆင်မပြေတဲ့ Q Center ဆိုတော့ ခက်တယ်။

သွားကလည်း စိုးစိုးရွားရွားကိုက်တယ်။ အခြေအနေပေးရင်တော့ ဆေးခန်းသွားပြမှ ရမယ်။ ဒီအတွက်လည်း ပိုက်ဆံလိုတယ်။ ပိုက်ဆံ ရဖို့အတွက် အလုပ်လုပ်ဖို့ လိုတယ်။ ပျင်းနေလို့ မရဘူး။ အခက်အခဲတွေ ရှိနေလည်း ကြိုးစားပြီး လုပ်ရမှာပဲ။

စီးပွားရေး တစ်ခုအနေနဲ့ ခိုင်ခိုင်မာမာဖြစ်လာအောင် ကြိုးစားပြီး အိမ်အတွက် စိတ်အေးရ‌အောင် ကြိုးစားရမယ်။