Day X - Break down problem into small pieces

ပြဿနာက ကိုယ်မဖြေရှင်းနိုင်လောက်အောင် ကြီးနေပြီဆိုရင် ဘာလုပ်မလဲ?

ကိုယ်ရှင်းနိုင်တဲ့ ပြဿနာ အဆင့်ထိ ရောက်အောင် အစိတ်စိတ်အမွှာမွှာ ခွဲလိုက်ပါ။

နေရာတိုင်းကို စာအုပ်ကြီးအတိုင်း plan အတိအကျ architecture အတိအကျ နဲ့ သွားနေလို့ မရဘူး။ ကိုယ့်အဆင့်ကိုယ်သိမှ ရမယ်။ ကိုယ့် အဆင့်က architecture အမှားကို စိတ်ပူရမယ့် အဆင့်လား syntax မှားတာကို စိတ်ပူနေတဲ့ အဆင့်လား? ကိုယ့်အဆင့်ကိုယ် သိပါ။

ရိုးရိုးရှင်းရှင်း အဆင့်(၃) ဆင့်ကို ပြောပြရရင်

  • အဆင့်(၁) Make it work. အလုပ်ဖြစ်အောင် အရင်လုပ်ပါ။ architecture ကတော့ အကြမ်းစားကြီး၊ ကုတ်က အလုပ်ပဲ မလုပ်တာဆိုတာမျိုးက ဒီအဆင့်မှာ အဆင်မပြေ။ ပြဿနာကြီးကို အသေးလေး ဖြစ်အောင် စဉ်းစားပြီး ဖြေရှင်းပါ။ နောင်ခါလာ နောင်ခါစျေးဆိုတာ ဒါမျိုး ပြောတာ။
  • အဆင့်(၂) Make it small. ပရိုဂရမ်ကတော့ အလုပ်လုပ်နေပါပြီ၊ ကုတ်တွေကတော့ ပွထနေတာမျိုး၊ ဒီအချိန် Refactor ပြန်လုပ်ပြီး ကျစ်ကျစ်လစ်လစ် ဖြစ်အောင်လုပ်။
  • အဆင့်(၃) Make it fast. မြန်အောင် လုပ်ပါ။ ဒါကတော့ ကိုယ် skill တက်အောင် လုပ်ရတဲ့ အပိုင်း။
Written on March 14, 2021