Code Magic

မနက် လေးနာရီထိုးတော့မယ် အခုထိ အိပ်မရသေးလို့ ထရေးတဲ့ စာပါ။ Mac မရှိပဲ Flutter App ကို App Store မှာ ဘယ်လိုတင်ခဲ့လဲ ဆိုတာကို ပြန် share ထားတာပါ။

iOS အတွက် App တစ်ခု တင်ဖို့ရှိတော့ ဟိုကြည့် သည်ကြည့်ရင်း code magic ကို သွားတွေ့တယ်။ တစ်လလောက် ရှိပြီ၊ တစ်ခါစမ်းကြည့်တာ error တက်နေတာနဲ့ ဆက်မလုပ်ဖြစ်တော့တာ။ မနေ့ညကတော့ client တစ်ဖွဲ့အတွက် မဖြစ်မနေ တင်ပေးရဖို့ ရှိတာနဲ့ စာသေချာဖတ်ပြီး ပြန်စမ်းကြည့်တော့ အဆင်ပြေတယ်။

ပထမဆုံး ပြောချင်တာက Mobile App Store တစ်ခုခုကို တင်တော့မယ် ဆိုရင် လုပ်ရတဲ့ လုပ်ငန်းစဉ်တွေပါ။ Mobile App ကို release version ထုတ်မယ်၊ bundle file အနေနဲ့ export လုပ်မယ်။ ရလာတဲ့ bundle file ကို သက်ဆိုင်ရာ App Store မှာ တင်မယ်ပေါ့။

ကျွန်တော် တော့ Google Playstore, Huawei App Gallery နဲ့ Apple App Store မှာ တင်ဖူးတယ်။ သူ့ Store နဲ့သူ တင်းကြပ်တဲ့ အပိုင်းတွေလည်း တင်းကြပ်တယ်၊ ဖြေလျော့တဲ့ အပိုင်းတွေလည်း ဖြေလျော့ပါတယ်။

Apple App Store မှာ တင်ဖို့အတွက် က mac & xcode က မဖြစ်မနေ လိုတယ်။ ဒီတော့ ကိုယ့်မှာ mac မရှိတဲ့အခါ ဖြေရှင်းစရာ နည်းတွေ လိုက်ရှာရတယ်။

  1. VM Ware မှာ mac တင်သုံးဖို့ ( Tutorial တော်တော် များများက intel processor အတွက် ရေးထားတာများတယ်၊ လက်ချိုးရေလို့ရတဲ့ amd processor တွေအတွက် tutorial တွေကလည်း ကိုယ့် vivobook ရဲ့ ryzen နဲ့ အလုပ်မဖြစ်၊ ဒီတော့ VM Ware ကို ကျော်လိုက်တယ်)
  2. Cloud Mac ငှားလို့တော့ ရတယ်၊ ထုံးစံအတိုင်း နိုင်ငံတကာ payment အဆင်မပြေတာနဲ့ ငှားသုံးလို့မရ။
  3. အခု ကျွန်တော် ပြောပြမယ့် Code Magic. သူက CI/CD အတွက် အဓိက ရည်ရွယ်ပြီး လုပ်ထားတာ ထင်ပါတယ်။

Code Magic က ကျွန်တော် တို့ လုပ်ရမယ့် အလုပ် တော်တော် များများကို သူ့ဘာသာသူ လုပ်ပေးသွားတာ များတယ်။ ပုံမှန်ဆိုရင်

  1. project ကို သက်ဆိုင်ရာ platform အတွက် bundle file တွေ build လုပ်ရမယ်။
  2. ရလာတဲ့ bundle file ကို သက်ဆိုင်ရာ app store မှာ သွားတင်ပေးရမယ်

အခုက အဲ့ process နှစ်ခုလုံးကို code magic က လုပ်ပေးသွားတယ်။ ကျွန်တော် တို့ လုပ်ဖို့ လိုတာက

  1. ကိုယ့်ရဲ့ project repo ပေးရမယ်
  2. build setting ( flutter version, x code version စသည်ဖြင့်) ရွေးပေးရမယ်
  3. ကိုယ်တင်မယ့် app store developer console နဲ့ integration လုပ်ပေးရမယ် ( ဒါကလည်း ငါးမိနစ်လောက်ပဲ ကြာပါတယ်)

ဒါဆိုရင် Submit for review အတွက် အဆင်သင့် ဖြစ်ပြီဗျာ။ ဒိမှာ app store developer console နဲ့ code magic ကို integration လုပ်တဲ့အပိုင်းကို ရှုပ်တယ် ထင်လိမ့်မယ်။ မစိုးရိမ်ပါနဲ့။ လုပ်ရမယ့် အလုပ်က developer console မှာ api key, app specific password စတဲ့ ကုတ်တွေကို generate လုပ်မယ်၊ ရလာတဲ့ ကုတ်တွေကို code magic ရဲ့ setting မှာ ဖောင်ဖြည့်သလို လာဖြည့်ထားရုံပါပဲ။

ပိုပြီး လွယ်ကူရှင်းလင်းအောင် ပြန်ရေးပါဉီးမယ်။ :P

2021-03-16 04:06 AM Tuesday

Written on March 16, 2021