1 AM

ည တစ်နာရီဆိုရင် အလုပ်က မပြီးသေး … အင်တာနက်က ပိတ်တော့မယ်။ တော်တော် တိုင်ပတ်တဲ့ ကာလပဲ။ Playstore ကို ရစ်လှချည်လား အောက်မေ့နေတာ Apple AppStore က ပိုရစ်တယ်။ တစ်ခါ ပြင်ရင် ဆယ့်ငါးမိနစ် ကြာတယ်။ ညဉီးပိုင်းကတည်းက AppStore ‌ပေါ် တင်နေတာ ည တစ်နာရီသာ ထိုးတော့မယ် အခုထိ အကြောင်းပြချက်ပေါင်းစုံနဲ့ ရစ်နေတုန်း။

ကွန်ပျူတာမို့လို့ သည်းခံနေတာ ၊ လူဆိုရင် စကားဆက်ပြောဖြစ်မှာ မဟုတ်ဘူး :D

ကိုယ်မသုံးတဲ့ permission တွေလည်း အတင်းတောင်းခိုင်းတယ်။ Flutter Package တွေရဲ့ ကျေးဇူး‌ပေါ့။ microphone permission တို့ location access permission တို့ စုံနေတာပဲ။

icon ကို apple mobile device အစုံအလင်အတွက် ထည့်ပေးရတယ်၊ ထည့်ပေးပြန်တော့လည်း transaprency / alpha channel ပါလို့မရဘူးတဲ့။ ကိုယ့် app icon ကိုပဲ အကုန်လုံး ပြန်ပြောင်းရမလို ဖြစ်နေတယ်၊ တကယ်လည်း ပြန်ပြောင်းလိုက်ရပါတယ်။

ဒါတောင် တော်တော်များများကို CodeMagic က လုပ်ပေးသွားလို့။ ကိုယ့်မှာက mac လည်းရှိတာမဟုတ်။

နောက်ဆုံးတစ်ခေါက် Q နှစ်ပတ်လောက်ဝင်ပြီးကတည်းက နေ့တစ်ဝက် ညတစ်ဝက် အိပ်တာ အကျင့်ဖြစ်နေပြီ။

Written on March 16, 2021