အိပ်မရတဲ့ နောက်ထပ် ညတစ်ညပါပဲ
· Aung Ko Man

External Hardrive ထဲက project တစ်ချို့ ကူးနေရင်း ဟိုဟိုသည်သည် ဖွင့်ကြည့်တော့ Sea Game ဖွင့်ပွဲဖိုင်သွားတွေ့တယ်။
ကျွန်တော် က ဒီလို စင်ပေါ်မှာ presentation လုပ်ရတာကို သဘောကျတော့ အခု Sea Game ကို တာဝန်ယူပြီး စီစဉ်တင်ဆက်နေတဲ့ သူနှစ်ဉီးကို သေချာကြည့်ဖြစ်တယ်၊ ကိုယ်သာ သူတို့ နေရာမှာဆို တော်တော် တာဝန်ကြီးလို့ အမှားမရှိဖို့အတွက် အတော်လေး စိတ်ဖိစီးမယ်လို့ တွေးမိပြီး သူတို့အစား အသက်ရှုကြပ်တယ်။
ဖွင့်ပွဲမှာ အစီအစဉ် တင်ဆက်သူ နှစ်ဉီး တော်တော်လေး သတိထားပြီး အစီအစဉ် တင်ဆက်နေတာကို တဖြည်းဖြည်း သတိထားမိလာတယ်။ တစ်ယောက်က မေ့သွားရင် နောက်တစ်ယောက်က စကားထောက်ပေးတာမျိုး၊ ကိုယ့်နေရာယူရမယ့် နေရာမှားနေတဲ့အခါ မသိမသာ နေရာရွေ့ယူရတာမျိုးတွေကို မျက်လုံးထဲ မြင်လာတယ်။