← All writing

How to upload Wordpress Site

· Aung Ko Man

Laptop displaying software code
Illustrative photo by AltumCode on Unsplash.

မသိခြင်းများ

နိုင်ငံတကာ Mobile Legend ဂိမ်းပြိုင်ပွဲတစ်ခုရဲ့ semi final မှာ မြန်မာ အသင်းနဲ့ တစ်ခြားနိုင်ငံက အသင်းတစ်ခု ပြိုင်တာကို သူငယ်ချင်းတွေနဲ့ Live ကြည့်ဖြစ်တယ်။ ဘေးက သူငယ်ချင်းနှစ်ယောက်ကတော့ ဟာကနဲ ဟင်ကနဲ အားတွေပေးနေပေမယ့် ကိုယ်က ဘာတစ်ခုမှ မသိ။ ပေါ်နေတဲ့ ဂဏန်းတွေရဲ့ အဓိပ္ပါယ်တောင် live ကြည့်ရင်း သူငယ်ချင်းက ရှင်းပြမှ သဘောပေါက်တယ်။ သြ ဒီဟာကတော့ သေသွားတဲ့ hero အရေအတွက်၊ ဒီဟာက​တော့ ရှာထားတဲ့ Gold အရေအတွက် စသည်ဖြင့်ပေါ့။

ဒီ​တော့ ပွဲပြီးသွားလို့ နိုင်တယ် နိုင်တယ် သာ အောင်ပွဲခံကြတာ ကိုယ်က အူလည်လည်ပဲ။ အဲ့ကတည်းက သင်ခန်းစာ ရတယ်၊ ကိုယ်မသိတဲ့ နယ်ပယ်က အကြောင်း ကိစ္စတွေမှာ ဝင်ငံလို့ မသင့်တဲ့ အကြောင်း။