How to avoid burnout.

5 Ways to reboot our Brain.

ကွန်ပျူတာရှေ့မှာ အချိန်တွေသာ ကုန်လာပြီး အလုပ်က ဖြစ်ဖြစ်မြောက်‌မြောက်မြောက် မပြီးတဲ့အခါ ဘယ်လိုလုပ်ကြမလဲ?

ကွန်ပျူတာတွေ သုံးရင်းနဲ့ လေးလာရင် Restart ချတက်ကြတယ်မဟုတ်လား။ ကျွန်တော်တို့ ဉီးနှောက်တွေမှာတော့ restart ခလုပ်မပါပေမယ့် အောက်က နည်းလမ်းတွေ သုံးပြီး ဉီးနှောက်ကို reboot လုပ်လို့ရနိုင်ပါတယ်။

၁။ ဝင်လေထွက်လေ ငါးမိနစ်လောက် မှတ်နေလိုက်တာ။ တရားထိုင်တယ် ဆိုတာထက် စိတ်ကို တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေးဖြစ်အောင် ကြိုးစားတယ် ခေါ်ရမှာပေါ့။ စိတ်ဟာ ရေထဲမှာ နေနေကျ ငါးလိုပဲ မကောင်းတဲ့ အာရုံတွေမှာ မွေ့လျော်နေတာ များတယ်မို့လား။ အခုလို တစ်နေရာတည်းမှာ စုစည်းလိုက်တဲ့အခါ ကုန်းပေါ် တင်ခံလိုက်ရတဲ့ ငါးလိုပဲ တော်တော်လေး ယောက်ယက်ခက်လာတာကို သတိထားမိမှာပါ။ ငါးမိနစ်လောက် စိတ်ကို စုစည်းလိုက်တာဟာ အလုပ်အပေါ်မှာ တစ်နာရီမက အာရုံစိုက်လို့ ရသွားစေနိုင်ပါတယ်။

၂။ စာရေးလိုက်တာ။ ဖိစီးမှုများတဲ့ အတွေးတွေ များလာတဲ့အခါ ဘယ်အရာက စိတ်ဖိစီးမှု အများဆုံး ဖြစ်စေသလဲ ကျွန်တော် တို့က sorting စီကြည့်လို့မရတော့ဘူး။ Sorting စီကြည့်နိုင်မှသာ ကျွန်တော် တို့က ဉီးစားပေး ရှင်းလို့ရမှာ မဟုတ်လား။ ဒီတော့ စိတ်ထဲမှာ ဖိစီးရှုပ်ထွေးလာရင် ဖိစီးသမျှ အကြောင်းအရာတွေ အကုန်လုံးကို စာရွက်ပေါ်မှ ချရေးလိုက်ပါ ( ဒါမှမဟုတ် Keep , Notepad စတဲ့ စာရေးလို့ရတဲ့ တစ်ခုခုပေါ့ facebook တော့ မဟုတ်ဘူး 😀 ) ။ ဒီလို စိတ်ထဲမှာ ဖိစီးနေသမျှ ချရေးလိုက်တာနဲ့ အနည်းဆုံးတော့ ရင်ဖွင့်လိုက်ရသလို စိတ်နည်းနည်းပေါ့သွားတာ အမှန်ပဲ။ ပြီးမှ ရေးထားသမျှကို ပြန်ဖတ်ပြီး ဒါကတော့ တကယ့်ပြဿနာ မဟုတ်ဘူး၊ ဒါကတော့ စိုးရိမ်နေတာ သပ်သပ်ပဲ စသည်ဖြင့် သေချာ ခွဲခြားနိုင်ပါလိမ့်မယ်။

၃။ သီချင်းနားထောင်တာ။ ဒါကတော့ ကျွန်တော် အကြိုက်ဆုံး အပိုင်းပါပဲ။ ဘယ်လောက် စိတ်ဖိစီး စိတ်ဖိစီး ကိုယ်ကြိုက်တဲ့သီချင်းကို နားကြပ်တပ်၊ မျက်လုံးမှိတ်ပြီး ခနလောက် နားထောင်လိုက်ရရင်ကို တင်းနေသမျှ စိတ်တွေအကုန် ပြေလျော့သွားတာ များပါတယ်။

၄။ အိပ်ရေးဝဝ အိပ်တာ။ ကျွန်တော် ငယ်ငယ်ကတော့ အိပ်မရဘူးဆိုတာမျိုးကို အယုံအကြည်မရှိဘူး၊ အမှန်က အဲ့အချိန်တုန်းက ကိုယ်တာဝန်ယူရတဲ့ အပိုင်းသိပ်မရှိသေးလို့ အိပ်ယာပေါ် ခေါင်းချရင် အိပ်ပျော်ပြီး အိပ်ရေးဝဝ အိပ်နိုင်တယ် ထင်တာပဲ။ အခုလိုမျိုး အသက်အရွယ်ရလာပြီး တာဝန်ယူရတာတွေလည်း များလာတဲ့အခါ ညဘက်တွေဆိုရင် အိပ်ပျော်ဖို့ အခက်အခဲရှိလာတယ်။ အိပ်မပျော်လို့ ကွန်ပျူတာထဖွင့်တယ်၊ ကွန်ပျူတာက အလင်းရောင်ကြောင့် ထပ်ပြိး အိပ်ပျော်ဖို့ ခက်ပြန်တယ်။ ဒါနဲ့ သံသရာလည်နေရော။ တစ်နေ့ကို 7-8 နာရီကြား အိပ်သင့်တယ်လို့ ဆိုကြတယ်။ နောက်တော့ တရားမှတ်ပြီး အိပ်ရတာပါပဲ။ နောက် အိပ်ယာဘေးမှာ ဖတ်စရာ စာအုပ်တစ်အုပ် စောင်ထားလိုက်တယ်။ အိပ်မပျော်ရင် စာအုပ်ဖွင့်ဖတ်တယ်၊ အဲ့မှာ ကျောင်းတုန်းက စာသင်ခန်းထဲမှာ စာစဖတ်တာနဲ့ ငိုက်တဲ့အကျင့်က အကျိုးပေးတယ်။ သိပ်မကြာဘူး အိပ်ငိုက်လာပြီး အိပ်ပျော်သွားရော။ အိပ်ရေးမဝရင် နောက်ရက်လည်း အလုပ်လုပ်ဖို့ အဆင်မပြေလေတော့ ညဘက်တော့ အိပ်ရေးဝအောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကြိုးစားပြီး အိပ်သင့်တယ်။

၅။ လမ်းလျှောက်ထွက်တာ။ ကွန်ပျူတာရှေ့မှာ error ပေါင်း သောင်းခြောက်ထောင်နဲ့ လမ်းပျောက်နေပြီလား၊ အပြင်ကို လမ်းလျှောက်ထွက်လိုက်ပါ။ ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်တာနဲ့ စိတ်ပါ လန်းဆန်းလာပါလိမ့်မယ်။ လမ်းလျှောက်နေတုန်း စိတ်ညစ်စရာ error တွေ၊ ပြဿနာတွေအကြောင်း ခန မေ့ထားလိုက်ပေါ့။ ပြောရရင် လေရှု၊ လမ်းလျှောက်၊ ရေများများ သောက်လိုက်ပေါ့ဗျာ။ ကျွန်တော် ကတော့ လမ်းလျှောက်ရုံတင်မကဘူး ပြေးပါ ပြေးတယ်။ တစ်နေကုန် ကွန်ပျူတာရှေ့မှာ တစ်ကုပ်ကုပ်နဲ့ ဆိုတော့ ညနေဘက်ဆိုရင် နာရီဝက် တစ်နာရီလောက် ပြေးဖြစ်တယ်။ ပြေးတဲ့အချိန်က တက်သမျှ error တွေ၊ ဖိစီးသမျှ stress တွေ အကုန် ကင်းဝေးနေတော့ ခန္ဓာကိုယ်က ပင်ပန်းပြီး မောပေမယ့် စိတ်တော့ အတော်လေး သက်တောင့်သက်သာရှိတယ်။

ကိုယ်စိတ်ဖိစီးပြီး အလုပ်မတွင်တဲ့အခါတိုင်း ဒီအချက်ငါးချက်ကို ဂရုစိုက်ပြီး လုပ်မယ်ဆိုရင် စိတ်ရောကိုယ်ပါ လန်းဆန်းလာပါလိမ့်မယ်။

Ref; https://www.healthline.com/health/mental-health/how-to-clean-your-mind

အာရုံစိုက်လို့ မရတော့တဲ့အခါ ကျွန်တော် တို့ လက်ရှိလုပ်နေတဲ့ အလုပ်ကို ရပ်ပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွအောင်၊ အာရုံစူးစိုက်မှုကောင်းအောင် အောက်က အချက်တွေ လုပ်သင့်ပါတယ်။

Written on April 19, 2021