← All writing

Focus and DND

· Aung Ko Man

Notebook and fountain pen for planning and reflection
Illustrative photo by Niko Nieminen on Unsplash.

ကျွန်တော် တို့ ပရိုဂရမ်ရေးတဲ့အခါ ခေါင်းထဲမှာ ဖိုင်သုံးလေးခုကို ချိတ်ဆက်ထားပြီး အာရုံစိုက်ရေးရတာ များတယ်။

ဒီလိုအချိန်မှာ ဖုန်းကပဲ ဖြစ်ဖြစ်၊ ကွန်ပျူတာကပဲ ဖြစ်ဖြစ် notification တစ်ခုဝင်လာတာနဲ့ အာရုံစိုက်ထားသမျှ ပျက်ပြီ။ ဒီတော့ အလုပ်လုပ်နေတဲ့အချိန် အထူးသဖြင့် ပရိုဂရမ်ရေးနေတဲ့အချိန် ကိုယ့်အာရုံစိုက်တာကို အနှောက်အယှက်ပေးနိုင်တဲ့ notification တွေ အကုန်ပိတ်ထားတာ အဆင်ပြေတယ်။

ဖုန်းမှာဆိုရင်တော့ DND(Do Not Disturb) Mode ရှိတယ်၊

နောက် ကွန်ပျူတာမှာဆိုရင်တော့ windows 10 မှာ Focus assist ဆိုပြီး feature တစ်ခုပါတယ်။

Mac မှာတော့ Do Not Disturb ဆိုပြီး Apple menu > System Preferences > Notifications ထဲမှာ ဖွင့်ထားလို့ရတယ်။

Linux ( Ubuntu 20.04) နဲ့ နောက်ပိုင်းမှာဆိုရင် message tray ထဲမှာ Do Not Disturb ပါတယ်။

အခုကာလမှာ Remote လုပ်နေရတာ များတာဆိုတော့ Team နဲ့ အဆက်အသွယ်ယူရတဲ့အချိန် DND ဖွင့်ထားလို့အဆင်မပြေဘူးပေါ့။ ဒါပေမယ့် တကယ် အာရုံစိုက်ဖို့ လိုလာတဲ့အချိန်တော့ DND ဖွင့်ပြီး အလုပ်လုပ်တာ အကောင်းဆုံးပါပဲ။