← All writing

ဒါကို အချစ်မဟုတ်ဘူးဟု တချို့က ဝေဖန်ချင် ဝေဖန်ပါလိမ့်မည်။

· Aung Ko Man

Parents and children together outdoors at sunset
Illustrative photo by Mushvig Niftaliyev on Unsplash.

ဒါကို အချစ်မဟုတ်ဘူးဟု တချို့က ဝေဖန်ချင် ဝေဖန်ပါလိမ့်မည်။

အချစ်ဆိုတာ ဘာလဲဟု အတိအကျအဓိပ္ပါ့ယ်ဖော်နိုင်သူတွေကို ကျွန်တော် တကယ်ချီးကျူးပါသည်။ ကျွန်တော် ကတော့ အချစ်ဆိုတာကို အဓိပ္ပါယ်အတိအကျမသိပါ။ အချစ်ဆိုတာ ပိုင်ဆိုင်ရယူလိုခြင်းလား။ စွန့်လွှတ်ခြင်းလား။ အချစ်ဆိုတာ ရင်ခုန်စွာတပ်မက်ခြင်းလား။ စားသုံးပြီးသော်လည်း မဝသည့် ချိုမြိန်သောပျားရည်စက်တွေလား။ နက်ရှိုင်းစွာ တိုးဝင်ဖို့ ဆွဲဆောင်သည့် မွှေးပျံ့သော အမှောင်ထုတစ်ခုလား။ နေပူထဲက လာသူကို အရိပ်ထဲမှကြိုဆို၍ တိုက်သော အေးစိမ့်သည့် ရေတစ်ခွက်လား။ အဲဒါတွေ ကျွန်တော် မပြောတတ်ပါ။

ဂျူး - အချစ်ဆိုတာ ကြိုးနဲ့သီဖို့မလိုတဲ့ ပန်းပွင့်လေးတွေ