Another Useful Extension for Web Developer ( Fake Filler )
· Aung Ko Man

ကျွန်တော် တို့ Web Based Solution တွေ ရေးတဲ့အခါ ဖောင်ပေါင်း သောင်းခြောက်ထောင် နဲ့ အလုပ်လုပ်ရပါတယ်။ development လုပ်နေတဲ့အချိန်မှာ ဒီဖောင်တွေကို manual လိုက်ဖြည့်နေရတာ အချိန်တော်တော် ကုန်ပါတယ်။ ဒါနဲ့ ဖောင်ဟူသမျှ fake data တွေ ကို click တစ်ချက်နှိပ်တာနဲ့ ဖြည့်ပေးတဲ့ ဒီ extension ကို သွားတွေ့တယ်။
https://chrome.google.com/webstore/detail/fake-filler/bnjjngeaknajbdcgpfkgnonkmififhfo
အလုပ်လုပ်ပုံကတော့ click တစ်ချက်နှိပ်တာနဲ့ web page ပေါ်က ဖောင်တိုင်းကို fake data အကုန်လိုက်ဖြည့်ပေးတယ်။ text , number , datetime အပြင် select / dropdown တွေပါ auto ရွေးပေးတယ်။ file input တစ်ခုပဲ ကိုယ်တိုင်ရွေးရတာဆိုတော့ အဆင်ပြေပါတယ်။