← All writing

Offline Documentation Browsers

· Aung Ko Man

Library shelves and desks for study
Illustrative photo by Andy Wang on Unsplash.

အင်တာနက် မရှိတဲ့အခါ လေ့လာနေတာတွေ ရပ်မသွားအောင် အကူအညီပေးနိုင်မယ့် Offline Documentation Browsers များ။

Offline Documentation Browsers

ကျွန်တော် က Laravel + Bootstrap သုံးပြီး Project တစ်ခုရေးနေတာ၊ ဒီ Framework တွေ၊ Library တွေနဲ့လည်း သိပ်တော့ တရင်းတနှီးရှိလာတာလဲ မဟုတ်ဘူး၊ MVC လို Design Pattern တွေ အာဂုံဆောင်ပြီး ကိုယ့်ဘာသာကိုယ် ထင်တိုင်းကြဲနေတာကနေ Team နဲ့ ရေးကြပြုကြဆိုတော့ စံသတ်မှတ်ထားတဲ့ Framework တစ်ခုသုံးကြမယ်ဆိုပြီး Laravel နဲ့ Bootstrap ဘက်ကို ရောက်လာတာ။ ဆရာအိမောင် ရဲ့ laravel လို-တို-ရှင်း တစ်ခေါက်နှစ်ခေါက်ဖတ်၊ sample project သေးသေးလေး တစ်ခုနှစ်ခု ရေးပြီး ဘာပဲလိုလို Google ကနေ ရှာဖွေ ကူးချနေတာ။

တစ်ရက် အင်တာနက်တွေ ပြတ်သွားတဲ့အချိန် စပြီး တိုင်ပတ်တာပဲ။ ဘာမှ ဆက်ရေးလို့ မရတော့ဘူး။ ယုတ်စွအဆုံး ORM ဖြစ်တဲ့ Eloquent က method တွေတောင် မမှတ်မိတော့ တော်တ်ော တိုင်ပတ်သွားတယ်။ ဒါနဲ့ အင်တာနက် ပြန်ရရချင်း Laravel Documentation ကိုတော့ Offline ဒေါင်းထားမှပါ ဆိုပြီး လိုက်ရှာတော့ Zeal(zealdocs.org) ကို သွားတွေ့တယ်။ ကံများကောင်းချင်တော့ Zeal မှာက API Documentation ပေါင်း 205 ခုတောင် download လုပ်လို့ ရနေတော့ တစ်ခြား လိုတဲ့ Bootstrap တို့ Vue တို့ပါ ဆက်ဒေါင်းထားလိုက်တယ်။

အခုတော့ အင်တာနက် မရတာနဲ့ တစ်ခြား ဘာမှလည်း ရှာဖွေဖတ်လို့မရတော့ documetation သေချာဖတ်တဲ့တဲ့ အကျင့်ရလာတယ်။ Zeal အပြင် တစ်ခြား Offline Documentation Browsers တွေလည်း ရှိပါသေးတယ် တစ်ချိူ့ကတော့ Free, တစ်ချို့ကတော့ အသပြာနဲ့၊ တစ်ချို့ကတော့ Windows မှာပဲ ရပြီး တစ်ချို့ကတော့ Cross Platform အားလုံးရတယ်။ ကိုယ်နဲ့ အဆင်ပြေတာ ရွေးသုံးနိုင်ပါတယ်။

  1. DevDocs (http://devdocs.io/)
  2. Zeal (https://zealdocs.org/)
  3. Dash (https://kapeli.com/dash)
  4. Velocity (https://velocity.silverlakesoftware.com/)