ဘဝမှာ အရူးအမူးလိုချင်သော်လည်း ရမယ့်ပုံ မမြင်တဲ့ အရာ (၈)ခု

တကယ်လို့ဗျာ ဘဝမှာ ဘာလိုချင်လဲမေးလို့ တစ်ခွန်းထဲ ပြန်ဖြေရမယ်ဆိုရင် … အဲ့တစ်ခွန်းက ဘာဖြစ်မလဲ?

နံပတ်(၁) ၊ ပျော်ရွှင်မှု

“ကိုယ် ဘာလိုချင်လဲတောင် မသိတဲ့ ကျွန်တော်ဟာ ဘယ်လိုပျော်ရမလဲ မသိတာ သိပ်တော့ မဆန်းလှပါ” ဘယ်လိုအရာတွေက ကျွန်တော်တို့ကို ပျော်စေသလဲ အတိအကျမသိပါ။ နောက်ပြီး ပျော်ရွှင်မှုဆိုတာကို အပြင်မှာပဲ လိုက်ရှာနေဖြစ်ကြတယ်မို့လား။ ပျော်ရွှင်မှု က ဘယ်မှာ ရှိမလဲ? အလုပ်ထဲမှာလား၊ ကိုယ့်ရဲ့ အမျိုးသမီးစီမှာလား၊ မိသားစုမှာလား၊ လစာ ချက်စာရွက်ထဲမှာလား၊ နောက်ဆုံးပေါ် စမတ်ဖုန်းနဲ့ ကွန်ပျူတာထဲမှာလား၊ ဒါမှမဟုတ် နေချင်စဖွယ်ပြင်ထားတဲ့ ကိုယ့်ရဲ့ အခန်းထဲမှာလား။ ဒါတွေ တစ်ခုမှ ကျွန်တော် မသိပါ။ ဆိုရရင် ဒီအရာတွေဟာ ကိုယ့်ရဲ့ ထိန်းချူပ်မှုအောက်မှာ မရှိလေတော့ ဘယ်ပျော်ရွှင်မှုကမှ ကြာရှည်မခံ။ ကျွန်တော်က ဒီအရာတွေဟာ ပျော်စရာမကောင်းပါဘူးလို့ ပြောနေတာမဟုတ်ပါဘူး။ သူတို့အားလုံးက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်။ ဆိုလိုချင်တာက ကိုယ့်ရဲ့ ပျော်ရွှင်မှုကို အပြင်မှာ လိုက်ရှာနေသမျှ ကာလပတ်လုံး ပင်ပန်းနွမ်းနယ်ပြီး အမြဲတမ်း နောက်က တကောက်ကောက်လိုက်နေရတာ အဆင်ပြေမှာ မဟုတ်တဲ့အကြောင်းပါ။

နံပါတ် (၂) ၊ ပိုက်ဆံ

ကိုယ်လုပ်ချင်တဲ့အရာတွေအတွက် လုံလောက်တဲ့ ငွေကြေးနဲ့ အချိန်မရှိဘူးလို့ အမြဲလိုလို တွေးနေမိတာမျိုးတွေပေါ့။ မေးခွန်းက “ပိုက်ဆံဘယ်လောက်ရှိမှ ဘဝဟာ ပြည့်စုံလုံလောက်ပြီလို့ ထင်မှာလဲ?” တကယ်တမ်းမှာတော့ ငွေတွေဘယ်လောက်ပဲ ရနေပါစေ တစ်နည်းနည်းနဲ့တော့ မလုံလောက်သေးဘူးလို့ပဲ ခံစားရပါတယ်။

နံပါတ် (၃) ၊ လွတ်လပ်မှု

လွတ်လပ်မှုကို လိုချင်တယ်သာ ပြောပေမယ့် လွတ်လပ်မှုရဖို့အတွက် လုပ်ရမယ့် အလုပ်တွေ လုပ်ဖို့ သတ္တိမမွေးနိုင်ဘူးဖြစ်နေတယ်မို့လား။

နံပါတ် (၄) ၊ ငြိမ်းချမ်းမှု

ကိုယ်ဘယ်သူလဲ? ကိုယ့်ရဲ့ ရည်ရွယ်ချက်ကဘာလဲ ? ဒါတွေကို မဖြေနိုင်သမျှတော့ ငြိမ်းချမ်းမှုလည်း ရလာဉီးမှာမဟုတ်။

နံပါတ် (၅) ၊ ဝမ်းမြောက်ဝမ်းသာဖြစ်မှု

ကိုယ်ဟာ လူမှန် နေရာမှန် ကို ရောက်နေပြီလား? ကိုယ့်မိသားစု၊ ကိုယ့်အိမ်ဟာ ကိုယ့်ကို ပျော်ရွှင်စေနိုင်ပေမယ့် ကိုယ်ရောက်နေတဲ့ နေရာ ကိုယ်လုပ်နေတဲ့အလုပ်ကို တစ်ခြားသူတွေက ရိုသေလေးစားမှုမရှိ၊ တန်ဖိုးထားမှုမရှိရင် ဘယ်မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပါလိမ့်မလဲ?

နံပါတ် (၆) ၊ မျှခြေမှာ ရှိနေမှု

အလုပ်နဲ့ဘဝ ကို မျှခြေမှာ ရှိနေအောင် ဘယ်လိုလုပ်ကြမလဲ?

နံပါတ် (၇) ၊ ပြည့်ဝမှု

ကိုယ်ဟာ ဘယ်လိုအချိန်မှာ ပြည့်ဝတဲ့သူ ဖြစ်လာမလဲ? ကိုယ့်ရဲ့ comfort zone ထဲက ရုန်းထွက်လိုက်ပါ။ ပြည့်ဝသွားပါလိမ့်မယ်။

နံပါတ် (၈) ၊ ယုံကြည်မှု

ကိုယ်ဟာ တစ်ခုခုကို တာဝန်ယူပြီး လုပ်ပေးနိုင်တဲ့အခါမှာ စပြီး ယုံကြည်မှုရှိလာလိမ့်မယ်။

Ref; https://www.forbes.com/sites/kathycaprino/2016/05/24/the-top-8-things-people-desperately-desire-but-cant-seem-to-attain

Written on May 18, 2021