How to add multiple domain in One Server?

  1. DNS and Name Server Configuration

    Domain Name Company နဲ့ Name Server Company ကို ချိတ်ဆက်ပေးခြင်း

https://www.digitalocean.com/community/tutorials/how-to-point-to-digitalocean-nameservers-from-common-domain-registrars

  1. A-Record configuration domain name နဲ့ ip address ကို ချိတ်ဆက်ပေးခြင်း

  2. Apache Server မှာ Virtual Host ဖိုင်တစ်ခု ထည့်သွင်းခြင်း ဒီနေရာ /etc/apache2/sites-available/ ကိုသွားပြီး ဖိုင်အသစ်တစ်ဖိုင် ဆောက်မယ်။ နာမည်ကို ကိုယ့် domain name နဲ့ .conf ပေါင်းပြီး ပေးမယ်။ ဉပမာ mmsoftware100.com.conf ```conf

<VirtualHost *:80> ServerAdmin admin@mmsoftware100 ServerName mmsoftware100.com ServerAlias www.mmsoftware100.com DocumentRoot /var/www/mmsoftware100.com ErrorLog ${APACHE_LOG_DIR}/error.log CustomLog ${APACHE_LOG_DIR}/access.log combined </VirtualHost> ``` အဓိက ပြင်ရမှာက ServerName

ServerAlias နဲ့

DocumentRoot ပဲ။

ServerName => ကိုယ့်ရဲ့ domain name ကို ထည့်မယ် ( ဉပမာ mmsoftware100.com) ServerAlias => ကိုယ့် domain name ရှေ့မှာ www. ထည့်မယ် ( ဉပမာ www.mmsoftware100.com) DocumentRoot => ဒါကတော့ ကိုယ့် project file တွေထားမယ့်နေရာကိုထည့်ပေးရမှာ၊ များသောအားဖြင့် /var/www/ နေရာမှာ folder အသစ်ဆောက်ပြီး ညျွန်ပေးတာ အဆင်ပြေတယ်။ နမူနာဆိုရင် mmsoftware100.com လို့ folder တစ်ခု ဆောက်ပြီး /var/www/mmsoftware100.com လို့ ပေးလိုက်ရင် ရပြီ။

  1. အသစ်ဆောက်ထားတဲ့ Virtual Host ဖိုင်က အဆင်ပြေမပြေသိဖို့ sudo apache2ctl configtest လို့ run ကြည့်လို့ရတယ်။ ပြီးရင် ဒီ Virtual Host ဖိုင်ကို enable လုပ်ဖို့အတွက် sudo a2ensite mmsoftware100.com လို့ရိုက်မယ် ( နောက်က .conf မပါဘူး )

  2. ဒါပြီးရင်တော့ လုပ်ခဲ့သမျှ အလုပ်တွေ အကျိုးသက်ရောက်မှု ရှိဖို့အတွက် Apache Server ကို restart ချပါမယ်။ sudo service apache2 reload

အခုချိန် http://mmsoftware100.com ကို ဝင်ကြည့်ရင် ဘာမှ မြင်ရဉီးမှာ မဟုတ်ပါဘူး ။ ဘာဖိုင်မှ ထည့်ထားတာမှ မဟုတ်တာ 😛 ဆိုေတာ့ index.php တစ်ဖိုင်လောက် ထည့်လိုက်ကြရအောင်။

/var/www/mmsoftware100.com/ ကို ဝင် ၊ sudo nano index.php နဲ့ ဖိုင်အသစ်ဆောက်ပြီး <?php echo “Mm Software 100”; ?> လို့ ရေးပြီး သိမ်းထားလိုက်မယ်။ အခု ပြန်ဝင်ကြည့်ရင်တော့ Mm Software 100 လို့ မြင်နေရပြီ ဖြစ်ပါတယ်။

တစ်ခုပဲ ကျန်ပါတော့တယ်။ HTTPS ထည့်ဖို့ပါ။ ဒါကတော့ command line တစ်ကြောင်းနဲ့ ပြီးပါတယ်။ စက်ထဲမှာ certbot လည်းထည့်ထားပြီးသားဆိုတော့။ sudo certbot --apache -d mmsoftware100.com -d www.mmsoftware100.com

Redirect လုပ်မှာလား မလုပ်ဘူးလား 1 , 2 ရွေးခိုင်းရင် 1 / 2 ကိုယ် လုပ်စေချင်တာ ရွေးလို့ရတယ် အိုကေ https://mmsoftware100.com လို့ ကြည့်လိုက်ရင် ssl တပ်ပြီးသား website အသစ်ချပ်ချွက်လေးကို မြင်ရမှာ ဖြစ်ပါတယ်။ အဆင်ပြေကြပါစေ။

TDL: ပြောရင် Theory တစ်ပိုင်းပြော Practical တစ်ပိုင်းပြောတာ ကောင်းမယ်။

Written on May 25, 2021