Depression
Depression
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က နေခဲ့ဘူးတဲ့ အဆောင်ကို ကြုံတုန်းကြုံခိုက် ပြန်သွားကြည့်မိတယ်။
အရင်အတိုင်းပါပဲ။
ကျွန်တော် ကရော..
ဆယ်နှစ်တာ ကာလကို ပြန်ကြည့်မိတယ်
နာမည်ရဲ့ အရှေ့မှာ ကြည့်ပျော် ရှုပျော် အဆင့်တစ်ခု
အနောက်မှာ အမြီးရှည်ရှည် ဘွဲ့နှစ်ခုနဲ့
အရောင်လွင့်သွားတဲ့ အိပ်မက်တွေ ဘယ်နှခု ရှိသွားပြီလဲ ကျွန်တော် မသိတော့
ပျော်စရာ ဆိုတာမျိုးကို တကူးတက မရှာဖြစ်တော့
ဘဝ ဟာ ကုသိုလ်၊ ပညာ၊ ဉစ္စာ တစ်ခုခု ရနေမှ အဆင်ပြေနေမှာတဲ့လား စားဝတ်နေရေး ငရဲကနေ ကျွန်တော် လွတ်ချင်ပါပြီ။ အစစ အရာရာ အဆင်မပြေတဲ့ ကာလတွေပေါ့ တစ်ချိန်မှာ အားလုံးကို ထားခဲ့ရမှာကို မေ့ချင်ယောင်ဆောင်ပြီး ကျွန်တော် တို့ဟာ တစ်စုံတစ်ရာ ကို ဖတ်တွယ်ထားချင်ခဲ့ကြတယ်။
လူတွေဟာ အတ္တဝါဒိလို့ ယုံကြည်မိတဲ့ အချိန်က စပြီး အရာအားလုံးနဲ့ ကျွန်တော်ဟာ ကင်းကွာခဲ့တယ်။ အထွက် call မရှိတဲ့ ဖုန်းကို ဘယ်သူကမှလည်း အခုတ်တရ ခေါ်မနေခဲ့။ အထီးကျန်တာတွေ အမကျန်တာတွေထက် စိတ်ကို အေးချမ်းစေချင်တာပဲ ရှိတာပါ။
မနက်တိုင်း တစ်ပုဒ်တည်းသော တရားကိုပဲ နာဖြစ်တယ်
ညတိုင်း သီချင်းဆယ်ပုဒ်လောက် အော်ဆိုဖြစ်တယ်
တစ်နေ့ကို ခြောက်နာရီ အိပ်ပြီး
အလုပ်ကို ဆယ်နာရီလောက် လုပ်ပေမယ့်
ဘဝ ဟာ လုံလောက်မနေခဲ့
ကိုယ်ရဲ့ အမှောင်ခြမ်းတွေ၊ အလင်းခြမ်းတွေ ဘယ်အခြမ်းကိုမှ လူတွေကို ချမပြချင်ခဲ့ ဒီလိုနဲ့ပဲ စည်းတစ်ဘက်ခြမ်းမှာ တစ်ယောက်တည်း…
#km