What is Cloud?

Cloud ဆိုတာ ဘာလဲ?

Cloud ဆိုတာကတော့ အင်တာနက်ကို ခေတ်ဆန်ဆန် ပြောတဲ့ စကားတစ်ခွန်းပါပဲ။ တစ်နည်းအားဖြင့် ပြောရရင် network ပဲ ဆိုကြပါဆို့။

Cloud Computing ဆိုတာဘာလဲ?

အင်တာနက် ကနေတဆင့် servers, storages, databases, softwares စတဲ့ computing service တွေကို သုံးစွဲခြင်းလို့ ပြောရမယ်။ ဆိုလိုချင်တာက ကိုယ့်မှာ Internet နဲ့ Broswer ရှိရင် အကုန်လုံး လုပ်လို့ရတဲ့ နည်းပညာလို့ ပြောရမယ်။ ဖိုင်တွေ သိမ်းမလား? Google Drive လိုမျိုး Cloud Storage တွေရှိတယ်။ Email ပို့မလား? ကိုယ့်စက်မှာ email ပို့တဲ့ software တင်ထားစရာမလိုပဲ Gmail လိုမျိုး browser ကနေ သုံးလို့ရတာမျိုး။

Cloud Computing မှာ အမျိုးအစား (၃) မျိုး ခွဲခြားနိုင်တယ်.

  1. Public Cloud ဒီလို Cloud တွေကိုတော့ Cloud Service Provider ကုမ္မဏီ တစ်ခုက ပိုင်ပြီးတော့ သူတို့ ပိုင်တဲ့ Server တွေ၊ Storage တွေကို အင်တာနက်ကနေတဆင့် Public ကို ပေးသုံးတာမျိုးကို ဆိုလိုတာ။ ဉပမာ Microsoft ရဲ့ Azure နဲ့ Google ရဲ့ Google Cloud ။ Public Cloud အတွက် လိုအပ်တဲ့ Infrastructure တွေကို စီမံခံ့ခွဲတာတွေ၊ ထိမ်းသိမ်းပြုပြင်တာတွေကို ပိုင်ရှင် ကုမ္မဏီကပဲ တာဝန်ယူရတယ်။

  2. Private Cloud ဒီ Cloud တွေကိုတော့ အဖွဲ့အစည်းတစ်ခု ဉပမာ ကုမ္မဏီ၊ အစိုးရ၊ စစ်တပ် စတဲ့ Organization တွေက ပိုင်ပြီး သူတို့ ပိုင်တဲ့ Server တွေ၊ Storage တွေကို အဖွဲ့အစည်းအတွင်းမှာပဲ Internet / Intranet စတဲ့ private network တစ်ခုခုကနေ ပေးသုံးတာမျိုး။ သူ့ရဲ့ Infrastrucutre ကိုတော့ Organization ရဲ့ IT Department က တာဝန်ယူပြီး စီမံခံခွဲတာတွေ၊ ထိမ်းသိမ်းပြုပြင်တာတွေ လုပ်ရတယ်။

  3. Hybrid Cloud ဒါကတော့ Public Cloud နဲ့ Private Cloud ကို နှစ်ခုပေါင်းပြီး သုံးတဲ့ပုံစံမျိုး။ ဉပမာ Data သိမ်းတာတွေ၊ Processing လုပ်တာတွေကို Private Cloud မှာပဲ လုပ်ပြီးတော့ Public Cloud တွေကနေ access လုပ်ခွင့်ပေးတာမျိုး။

Type of Cloud Computing Services

Cloud Computing နည်းပညာကို အသုံးပြုပြီး ပေးတဲ့ Service က (၃) မျိုးရှိတယ်။

  1. Infrastructure as a service (IaaS) ဒါကတော့ Cloud Computing မှာ အခြေခံ အကျဆုံး service ပဲ။ IT infrastructure တစ်ခုလုံးကို ငှားပေးတဲ့ service ပဲ ဆိုပါတော့။ IT Infrastructure ဆိုရာမှာ servers and virtual machines (VMs), storage, networks နဲ့ operating systems စတာတွေကို ဆိုလိုတာပါ။ ဉပမာ Amazon ရဲ့ AWS, Microsoft ရဲ့ Azure စသည်ဖြင့်။

  2. Platform as a service (PaaS) များသောအားဖြင့် Developer တွေအတွက် ရည်ရွယ်ပြီး လုပ်ပေးတဲ့ service မျိုးပါ။ ဉပမာ ကျွန်တော် Flutter Project တစ်ခုကို ကို iOS အတွက် export လုပ်ပေးစရာရှိတယ်။ ဒါပေမယ့် Macbook နဲ့ Xcode က မရှိ။ ကိစ္စမရှိဘူး PaaS တစ်ခုမှာ ကိုယ်လိုချင်တဲ့ Mac OS, Xcode နဲ့ Flutter Version ပြောပြီး browser ကနေ ဝင်သုံးလို့ရတယ်။ နောက် Wordpress Site တစ်ခု တင်တော့မယ့် ဆိုရင်လည်း လိုချင်တဲ့ Linux OS အမျိုးအစား၊ Apache / Engine-X စတဲ့ webserver အမျိုးအစား နဲ့ သုံးမယ့် database ကို ပြောလိုက်တာနဲ့ server တစ်ခု ရတာမျိုး။ ဒါမျိုးပေါ့ Platform တစ်ခုလုံး ငှားပေးတာမျိုး။ ဉပမာ Code Magic, Digital Ocean’s Droplet, Amazon’s Lightsail.

  3. Software as a service (SaaS) ဒါကတော့ End User တွေကို ရည်ရွယ်ပြီး ပေးတဲ့ service လိုမျိုး။ သုံးမယ့်သူက Platform အကြောင်းလည်း သိစရာမလို၊ backend infrastructure အကြောင်းလည်း သိစရာမလို၊ သူ့စက်ထဲမှာလည်း ဘာ software မှ ထည့်ထားစရာ မလိုပဲ internet broswer တစ်ခုကနေ ဝင်သုံးလို့ရတဲ့ software တွေကို ဝန်ဆောင်မှု ပေးတာမျိုး။ ဉပမာ Gmail, Google Drive, Office 365

နောက်တစ်ခု ရှိသေးတယ် Serverless ဆိုတာ။ Serverless ဆိုတာ Developer တွေအနေနဲ့ server အကြောင်း ဘာတစ်ခုမှ စဉ်းစားစရာမလိုတဲ့ နည်းပညာ။ Cloud Provider ကို ကိုယ်က ဘာ app ရေးနေပါတယ်ပဲ ပြောလိုက် ဉပမာ laravel ဆို laravel, wordpress ဆို wordpress စသည်ဖြင့်ပေါ့။ Cloud Provider က လိုအပ်တဲ့ enviroment ကို စီမံပေးသွားတာမျိုး။

ဒါကတော့ Cloud နဲ့ ပတ်သက်တဲ့ အခြေခံ သဘောတရားတွေပါ။ အခုခေတ်မှာ အဖွဲ့အစည်းတစ်ခုအနေနဲ့ on-site datacenters တွေ ဆောက်ပြီး Server Rack တွေ၊ စနစ်က 24/7 Online ဖြစ်နေအောင် Electricity and Cooling Supply တွေ၊ နောက် ဒီ Infrastructure ကို ထိမ်းသိမ်းစောင့်ရှောက်မယ့် IT Experts တွေ စတာတွေကို အစအဆုံး လုပ်နေဖို့ အချိန် ၊ ငွေ နဲ့ လူအင်အား အများကြီး မသုံးတော့ပဲ World Class Cloud Provider တွေဖြစ်တဲ့ IBM, Microsoft တို့လို ကုမ္မဏီကြီးတွေစီမှာပဲ Cloud ကို ဝယ်သုံးလိုက်တာက ပိုပြီး အကျိုးအမြတ်များမယ် ထင်ပါတယ်။

https://azure.microsoft.com/en-in/overview/what-is-cloud-computing

Written on July 14, 2021