← All writing

Journey to the West , Part 1, Begining

· Aung Ko Man

Sunlight falling on a woodland path
Illustrative photo by Elke Karin Lugert on Unsplash.

Journey to the West , Part 1, Begining

ပထမဆုံးအကြိမ် နိုင်ငံခြားကို ပညာတော်သင် သွားခဲ့တဲ့ ခရီးသွားမှတ်တမ်းပဲ ဆိုပါဆို့။ ငယ်ငယ်က ဖေဖေ မန်းလေး ကနေ ဗန်းမော်ကို သင်္ဘောနဲ့ ခရီးသွားတော့ ရေးထားတဲ့ ခရီးသွားမှတ်တမ်းကို ဖတ်ပြီး ကိုယ်လည်း အဲ့ခရီးကို မသွားဘူးပါပဲနဲ့ ကိုယ်တိုင်ခရီးသွားရသလို ခံစားရတယ်။ ဒီတော့ အခု ခရီးသွား မှတ်တမ်းသည်ကို ကျွန်တော့ရဲ့ ချစ်ရတဲ့သူတွေ ဖတ်တဲ့အခါ ကျွန်‌တော် နဲ့ အတူတူ ခရီးသွားရသလို ခံစားရမယ်လို့ မျှော်လင့်ပါတယ်။

What When Where Why Who

အိန္ဒိယ နိုင်ငံကို ပညာတော်သင် သွားဖို့ အတွက် ခြောက်ယောက်ရွေးပြီး အဲ့ထဲက (၃) ယောက်သွားရမယ်ပေါ့။ ဉီးစားပေး (၃) ယောက်၊ အရန် (၃) ယောက် ဆိုပါတော့။ ကိုယ်က အရန် အနေနဲ့ nomination ဝင်တယ် ပြောရမယ်။ ပညာတော်သင် သွားမယ်ဆိုရင် ထုံးစံအတိုင်း Medical Checkup တွေ ဘာတွေလုပ်၊ အင်္ဂလိပ်စာ ဆန်းစစ် ( IELTS ) ဖြေစတာတွေ လုပ်ရတယ်။ ဒီမှာ Band Score က ကံကောင်းထောက်မပြီး သွားဖြေတဲ့သူတွေထဲမှာ အများဆုံး ဖြစ်နေတော့ အကြီးအကဲတွေက အမြင်မတော်တာနဲ့ အရန်ကနေ ဉီးစားပေး စာရင်းထဲ ရောက်သွားတယ်။

Passport , Visa စသည်ဖြင့် စာရွက်စာတမ်း ကိစ္စတွေ တစ်ပတ်လောက်ရုံးပေါင်းစုံသွားပြီး လုပ်ရတယ်။ အနောက်တိုင်း Suit လည်း တစ်စုံမှ မရှိ၊ လေယာဉ်လည်း တစ်ခါမှ မစီးဘူး တဲ့သူက နိုင်ငံခြား သွားရမယ်ဆိုတော့ ကြောင်တောင်တောင်ရယ်၊ အတူသွားရမယ့် သူငယ်ချင်းက နိုင်ငံခြားမှာ လေးနှစ်လောက် ကျောင်းတက်ခဲ့ဘူးလို့ တော်သေးတယ်။ ဘယ်ပစ္စည်းကို လက်စွဲသေတ္တာထဲထည့်၊ ဘယ်ပစ္စည်းကိုတော့ လက်စွဲအိတ်ထဲထည့် စသည်ဖြင့် ‌ဆောင်ရန် ရှောင်ရန်တွေ ပြောပြလို့ check in လုပ်တဲ့အချိန် သိပ်ပြီး အရစ်မခံ လိုက်ရဘူး။

တိုတိုပြောလိုက် ရင် Air Ticket တွေ ရလာတယ် ဆိုပါစို့။ ရန်ကုန် - ကွာလာလန်ပူ - ဒူဘိုင်း - ဒေလီ - မွန်ဘိုင်း - အင်ဒို ခရီးစဉ်က ဒီလိုလာတယ်။

ရန်ကုန် - ကွာလာလန်ပူ ပျံသန်းချိန် - (၂)နာရီ (၄၅) မိနစ် အကွာအဝေး - (၁၄၀၀) မိုင်

ကွာလာလန်ပူ - ဒူဘိုင်း ပျံသန်းချိန် - (၇) နာရီ (၁၅) မိနစ် အကွာအဝေး - (၃၄၅၀) မိုင်

ဒူဘိုင်း - ဒေလီ ပျံသန်းချိန် - (၃) နာရီ (၅) မိနစ် အကွာအဝေး - (၁၃၅၀) မိုင်

ဒေလီ - မွန်ဘိုင်း

ကိုဗစ်ကာလ နဲ့ MAI

ဒေါ်လာ (၂၀)​ တန် မလေးရှား ညစာ

မြန်မာဆန်တဲ့ ပဲနံပြား

အားသွင်းပေါက်တွေ အဆင်မပြေဖြစ်ပြီ

ရွေထုတ်တဲ့ ATM စက် လိုက်ရှာတာ မတွေ့ at Dubai International Airport

နိုင်ငံတကာ Brand ဆိုင်တွေကို အရှင်လက်လက် တွေ့

နှစ်ရက်ဆက်တိုက်ဖြစ်လာတော့ ပင်ပန်းလာပြီ

မီးကျိုးမောင်းပျက် အင်္ဂလိပ်စကားနဲ့ ကွန်ဖိဒန့်တွေ စိုးဟိုက်

ဒေလီအဝင်မှာ အရစ်ခံရပြီ

အကျောတင်းတဲ့ ကိုယ်တို့အဖွဲ့ နဲ့ ဒေလီလေဆိပ်ကရဲတွေကြား ပါနီး တစ်ခွန်းနဲ့ ချစ်ကြည်ရေးရ

သံရုံးက လာခေါ်ထုတ်ပေးသွား

ဆယ်ဒေါ်လာတန် အိန္ဒိယ ဒံပေါက်

Hello Bollywood! မွမ်ဘိုင်းမှာ ညအိပ်

သူများကျောင်းတွေက ကိုယ်စီလာကြိုသွားကြ

မနက်စာ ကောင်းကောင်းစားပြီး ခရီးဆက် အားပြည့်လန်းဆန်းနေလို့ နေရထိုင်ရ အဆင်ပြေ

ကျောင်းရှိတဲ့ မြို့ကို ရောက်ပြီ လာကြိုတဲ့သူ မတွေ့

Administrative အပိုင်း ကောင်းတဲ့ အဖွဲ့

Veg / Non Veg လား စပြီး တိုင်ပတ်

ပါလာတဲ့ ဒေါ်လာ တစ်ရာတန်လေး ပြပြီး အကြွေးဝယ်

Online Class ကို အားကစားဝတ်စုံနဲ့ တက်လို့မရ

ဘာတွေပြောလို့ပြောနေမှန်းမသိတဲ့ အိန္ဒိယ အင်္ဂလိပ် အသံထွက်

Google Meet မှာ Live Caption ဖွင့်ပြီး စာသင်ရပြီ

Background ဗဟုသုတ ပြည့်စုံပြီး Latest Tech Trend တွေလည်း မလွတ်တဲ့ နည်းပြအိုကြီး

နီပေါတွေက သဘောကောင်းပြီး ကြင်နာတယ်

အဆောင်ပြောင်းပြီ

in class မှာ ဖျင်ဂျက်တပ်ပြီး အမှီလိုက်ရပြီ

ရှည်လျားသော ကုလားနာမည်များကြား ဘေးက တစ်ယောက်နာမည်ကို မှတ်မိဖို့ တစ်ပတ်ကျော် ကြိုးစား

Sponsar / Guardian / အိန္ဒိယ ညီအစ်ကို

ပထဆုံးအကြိမ် စျေးထဲ သွားပြီး ပါလာတဲ့ ဒေါ်လာလေး ရူပီးနဲ့ လဲ

အိမ်က ပြန်မှာသုံးရပြီ

Amazon က ဒယ်အိုးဝယ်ခြင်း