← All writing

Unknow.

· Aung Ko Man

Sunlight falling on a woodland path
Illustrative photo by Elke Karin Lugert on Unsplash.

ကျွန်တော်က ခင်ဗျားအနားမှာနေချင်တယ် တစ်သက်လုံး ခင်ဗျားကရော ... ကျွန်‌တော်မသိ။ ဒီအပေးအယူမှာ မျှော်လင့်ချက် ဘယ်လောက်ပါသလဲ? ဒါလည်း ကျွန်တော် မသိ။ မသိခြင်းတွေဟာ တစ်ခါတစ်လေတော့ ဘဝရဲ့ လက်ဆောင်တစ်မျိုးလို့တောင် ထင်မိတယ်။ အချိန်တစ်ခုရောက်တဲ့အခါ တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာ ဟာ ကိုယ့်ကို ထားခဲ့ကြတာချည်းပါပဲ ဒါမှမဟုတ် ကိုယ်က ထားခဲ့မိတာမျိုးပေါ့ ပြောရရင် အနိစ္စပါပဲ။ တောနက်ထဲမှာ စမ်းရေအိုင်ကို လိုက်ရှာရင်း ကန္တာရထဲ ရောက်သွားသလိုမျိုးပေါ့ ကျွန်‌တော် ဘယ်ကလာခဲ့သလဲ ဆိုတာတောင် မေ့နေပြီ။ ရွှေပြည်တော်ဆိုတဲ့အမျိုးက မျှော်တိုင်းဝေးရမယ်လို့ သတ်မှတ်ထားခဲ့ကြသလားမသိ။ #km