Uninvited Vistitors

စနေနေ့မှာ စာမေးပွဲရှိတဲ့ သောကြာညတွေပေါ့ နိုင်ငံတူတဲ့ စီနီယာနဲ့ အဖွဲ့ကြပြီး အခန်းမှာ စားသောက် အပြန်ခါ ညနက်သန်းခေါင်မှာ နိုင်ငံမတူတဲ့ စီနီယာ အရာရှိတွေ အခန်းကို မဖိတ်ခေါ်ပဲ လည်ပတ်။

ဒါဟာ အမူးသမား ပီသရဲ့လား? ဒါလည်း ကျွန်တော် တို့ မသိ။ တစ်ခါ တစ်လေ ပေါက်ကရတွေ လျှောက်လုပ်ရတာလည်း စိတ်ဖိစီးမှု လျော့စရာ ပဲထင်ပါရဲ့။

ကျွန်တော် စဉ်းစားမိတယ်။ အခုချိန် ဘယ်လို စိတ်ဖိစီးမှုကိုမှ ခံစားမနေရဘူးဆိုတာကို။

တစ်ခါတစ်လေပေါ့ နောက်လည်း အကြိမ်ကြိမ်အခါအခါ ဖြစ်ဖို့လည်း မသေချာပါ။ မကြာခင်မှာ ပြန်ရတော့မှာပဲ မို့လား။

အထီးကျန်လို့လား ကိုယ်တစ်ယောက်တည်းလို့ မခံစားချင်လို့လား? ဒါလည်း ကျွန်တော် မသိပါ။

မသိခြင်းတွေ များစွာထဲမှာ အဆင်ပြေသလို နေရတဲ့ အခိုက်အတန့်တွေပေါ့။

ဒီနိုင်ငံက အရာရှိတွေက စည်းကမ်းလိုက်နာမှု အားကောင်းတယ်လို့ ထင်ရဲ့။ အပြင်မထွက်နဲ့ဆို မထွက်ဘူး။ အထဲမှာပဲ ကားကို မှန်ချ၊ sound box ကို အသံကုန်ချဲ့၊ သီချင်းဖွင့်ပြီး ကျောင်းကို ပတ်နေတာမျိုး။ ကားမီးကို ပိတ်လိုက်ဖွင့်လိုက် လုပ်ပြီး အဆောင်ရှေ့မှာ ကနေကြတာမျိုး။ သဘောကျမိပါရဲ့။

ကိုယ်တွေက ကားတော့ ရှိပါရဲ့ မမောင်းတက်တော့ လမ်းလျှောက်ရင်လျှောက်၊ မလျှောက်ရင် ဆိုင်ကယ်နဲ့ သွား။ sound box ကတော့ mi က ဒီကနေ့မှ ဝယ်ထားတဲ့ bluetooth speaker တစ်ခုရှိတယ်။ မြန်မာသီချင်း အကျယ်ကြီးဖွင့်ပြီး အဆောင်ရှေ့ ညနက်သန်းခေါင် ပြန်လာတာကို လွတ်ထွက်တယ်ခေါ်မလား?

နိုင်ငံခြားသားဆိုပြီး တော်တော် များများကို လွှတ်ပေးထားတော့ နေသာထိုင်သာတော့ ရှိပါရဲ့။

ပညာတော်သင် အတွေ့အကြုံကတော့ ဘီယာနဲ့ ဗော်ဂါ တံဆိပ်မျိုးစုံ သောက်ဖြစ်တာပဲလို့ ပြောရမလားမသိ။

#km

Written on September 11, 2021