← All writing

မြွေဖမ်းနည်း သင်ပေးတဲ့ အိန္ဒိယ တပ်မတော်

· Aung Ko Man

Notebook and fountain pen for planning and reflection
Illustrative photo by Niko Nieminen on Unsplash.

မြွေဖမ်းနည်း သင်ပေးတဲ့ အိန္ဒိယ တပ်မတော် ရယ်စရာပြောတယ် မထင်နဲ့ဗျ၊ သူတို့အရာရှိတွေကို မြွေဘယ်လိုဖမ်းရသလဲ ဆိုတာကို စစ်ရေးပြနဲ့ကို သင်ပေးတာ။ ဆိုရရင် မြွေဖမ်းရန် အမှတ်စဉ်(၁)၊ အမှတ်စဉ်(၂) အဲ့သလို လာတာ။ ဒီနေ့ Group Project အတွက် အခန်းမှာ ခြေကန်ငြင်းခုန်နေကြတုန်း နောက်ကျနေတဲ့ တစ်ယောက်က မြွေကြီးကိုင်ပြီး ဝင်လာတယ်။ ဖျက်ကနဲ အရှေ့မှာ မြွေတွေ့လိုက်တော့ လန့်ဖြန့်သွားတာ၊ ကျန်တဲ့သူတွေကတော့ အေးဆေးပဲ။ ကိုယ်မျက်နှာပျက်သွားတာကို မြင်တော့ ချက်ခြင်း ပြန်ထွက်သွားပါရဲ့။ မြွေက ဘာဖြစ်လို့လဲတဲ့၊ မေးပုံက။ ဟ ကြောက်လို့ပေါ့ဗျ လို့ ပြန်ဖြေရတယ်။ သူတို့တော့ မကြောက်ပေါင်တဲ့၊ သင်ခန်းစာတွေထဲမှာ မြွေဖမ်းနည်း ပါ ပါတော့၊ မြွေတွေ့ရင် ဖမ်း၊ အဆိပ်ထုတ်ပြီး လွှင့်ပစ်လိုက်တာဆိုပဲ။ အခုလည်း လမ်းမှာ မြွေတစ်ကောင်တွေ့လို့ အပျင်းပြေဖမ်းလာတာတဲ့။ ကြုံ မကြုံဘူးပေါင်ဗျာ။ ကျွန်‌တော့ အခန်းတော့ ကျေးဇူးပြုပြီး မြွေဖမ်းမလာပါနဲ့ဗျာလို့ တောင်းပန်ထားရတယ်။ ကျွန်တော် တို့စီက မြွေဖမ်းချင်တဲ့မောင်တွေလည်း ဒီမှာ သင်တန်းအရင်လာတက်သင့်တယ်လို့တောင် တွေးမိသေး 😃