← All writing

Basic Computer Programming ,Array

· Aung Ko Man

Laptop displaying software code
Illustrative photo by AltumCode on Unsplash.

Array

ကျွန်တော်တို့ အရင်က Data တွေ သိမ်းချင်တယ်ဆိုရင် variable တွေ သုံးပြီး သိမ်းကြတယ်။ ဉပမာ နာမည်ကို သိမ်းချင်တယ်ဆိုရင် ဒါမျိုးပေါ့။

name = "Mg Mg"

တကယ်လို့ နာမည် သုံးခုလောက် သိမ်းချင်ရင်ရော

name1 = "Mg Mg"
name2 = "Aung Aung"
name3 = "Bo Bo"

စသည်ဖြင့် variable တွေ ကြေညာပြီး သိမ်းကြတယ်။

တကယ်လို့ နာမည် (၁၀၀) လောက် သိမ်းမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ? varaible တွေ (၁၀၀) လောက် ကြေညာပြီး သိမ်းကြမလား? သိမ်းလို့တော့ ရပါတယ်။ ဒါပေမယ့် လက်တွေ့တော့ သိပ်မကျတော့ဘူးပေါ့။

ဒီအတွက် ကျွန်တော်တို့က Array ကို စပြီးသုံးပါတယ်။

Array ဆိုတာကတော့ variable တွေ အများကြီးကို သိမ်းထားတဲ့ varaible တစ်မျိုးပဲ ဖြစ်ပါတယ်။ နားရှုပ်သွားသလား အောက်က ဉပမာ ကို ကြည့်ပါ

အပေါ်က နာမည် (၃) ခုကို array တစ်ခုတည်းမှာ သိမ်းကြည့်ကြရအောင်။

name_list = ["Mg Mg", "Aung Aung", "Bo Bo"]

name_list ဆိုတာကတော့ varaible တစ်ခုပါပဲ။ သူ့မှာ value assign လုပ်ထားတာရှိတယ်။ ဒါပေမယ့် value က အရင်လို့ int, double , string မဟုတ်ပဲ array ဖြစ်နေတာ။ ရေးထုံးက [ နဲ့ စပြီး ] နဲ့ ဆုံးတယ်။ သိမ်းချင်တဲ့ value တွေကို comman , နဲ့ခြားပြီး ရေးရတယ်။

အိုကေ varaible assign လုပ်တာကတော့ အဆင်ပြေပြီ၊ ဘယ်လို ပြန်ထုတ်သုံးကြမလဲ? ပုံမှန်ဆိုရင်

print(name1)

ဆိုပြီး output ထုတ်ပြတယ်။

အခု array ထဲမှာက နာမည် (၃)ခုတောင် ထည့်သိမ်းထားတော့ ပထမဆုံး နာမည်ကို ထုတ်ပြချင်ရင် ဘယ်လိုထုတ်ပြလို့ရမလဲ?

print(name_list[0])

[ ] ထောင့်ကွင်းသုံး ပြီး အထဲမှာ index တန်ဖိုး ထည့်ပေးရပါတယ်။ name_list[0] ဆိုတာ name_list array ထဲက ပထမဆုံး တန်ဖိုးကို ထုတ်ပေးပါလို့ပြောတာ။ array မှာက 0 က စလို့ ပထမဆုံး အခန်းကို လိုချင်ရင် 0 လို့ ပေးရတယ်။

တကယ်လို့ Bo Bo ကို ထုတ်ပြချင်ရင် Bo Bo က (၃) ခန်းမြောက်မှာဆိုတော့ 0 , 1 , 2 ( index no 2 ကို ထုတ်ပြရင် ရပြီ)

print(name_list[2]) # output Bo Bo

ဒါဆိုရင် array တစ်ခုတည်းမှာ data တွေ အများကြီး စုပြီး သိမ်းထားနိုင်၊ ထုတ်သုံးနိုင်တဲ့ အကြောင်းကို သဘောပေါက်မယ် ထင်ပါတယ်။

name_list = ["Aung Aung", "Mg Mg", "Bo Bo"]
print(name_list[0]) # Aung Aung
print(name_list[1]) # Mg Mg
print(name_list[2]) # Bo Bo