← All writing

WRITING'S ON THE WALL

· Aung Ko Man

Musician playing an acoustic guitar
Illustrative photo by John Hult on Unsplash.

ကျွန်တော် ဒီနေရာကို ရောက်ခဲ့ဖူးပါတယ် ဒါပေမယ့် အမြဲလိုလို အလဲလဲအကွဲကွဲနဲ့ ကျရှုံးခဲ့တာချည်းပါပဲ။

တစ်ဘဝလုံး ပြေးလွှားရင်းနဲ့ပဲ အချိန်ကုန်ခဲ့တာမို့ အမြဲလိုလို အဝေးကို ထွက်ပြေးဖို့ပဲ ရွေးချယ်မိတယ်

ခင်ဗျားနဲ့ အတူတူရှိတဲ့အချိန်မှာ တစ်စုံတစ်ခု ခံစားမိတယ် ဒီခံစားချက်ကပဲ ခင်ဗျားအနားမှာ နေဖို့ ဖြစ်လာခဲ့တယ်။ အမြဲတမ်းပြေးလွှားနေခဲ့တဲ့ ကျွန်တော်ဟာ ခင်ဗျားအနားမှာနေဖို့ အကြောင်းပြချက်တစ်ခု ရခဲ့တယ် ဆိုပါတော့။ ချစ်ခြင်းမေတ္တာပါပဲ။

ဒီလိုအခြေအနေအတွက် ကြိုတင်မပြင်ဆင်ထားမိတာ အမှန်ပါ။ ထိအောင်ချိန် မှန်အောင်ပစ်ဖို့ပဲ လေ့ကျင့်ခဲ့တဲ့ ကျွန်တော်ဟာ ဒီတစ်ခါတော့ ယုံကြည်မှုပျောက်ဆုံးခဲ့တယ်။

အခုချိန်ခံစားနေရတဲ့ လေပြေတွေဟာ မုန်တိုင်းမလာခင်တိုက်ခက်တဲ့ လေပြေတွေ ဆိုတာ သိပါတယ်၊ ဒါက ဘဝပဲ မို့လား ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရမှာပေါ့။ Fly or Fight မှာ အမြဲတမ်း Fly ကို ရွေးချယ်ခဲ့တာမို့ ဒီတစ်ခါ Fight ကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ချစ်ခြင်းမေတ္တာကြောင့်ပဲ ဆိုပါတော့။

Perfect ဖြစ်ဖို့ကြိုးစားရင်း ပြိုလဲနေတာမျိုးပေါ့။ မနိုင်ဝန်ထမ်းရင်း ပြိုလဲ့တဲ့အခါ ဒီတစ်ခါတော့ အမှီအတွယ်ရှိကောင်းပါရဲ့။

ဒီလိုမျိုး ကျွန်တော် အကုန်လုံးပုံပြီး စွန့်စားတဲ့အခါ ကျွန်တော့ရဲ့ ကျရှုံးမှုတွေကို ခင်ဗျား ရပ်တန့်ပေးနိုင်မလား မသေချာပါ။

ကျွန်တော် ဘယ်လိုရှင်သန်ပြီး ဘယ်လိုများ အသက်ရှုရမလဲ? ခင်ဗျား ကျွန်တော့ အနားမှာ မရှိတဲ့အခါ တကယ်ကို အသက်ရှုကြပ်ပါတယ်။ ချစ်ခြင်းမေတ္တာဟာ သွေးကြောထဲမှာ အောက်စီဂျင်လိုမျိုး ပျော်ဝင်နေတဲ့အခါ ဉီးနှောက်ဟာ နှလုံးသားကို လက်မြောက်အရှံးပေးရတော့မယ် ထင်ရဲ့။

ခင်ဗျားအတွက်ဆိုရင် အကုန်ပုံပြီး စွန့်စားရဲပါရဲ့။ ဒိုင်ရာရီ စာမျက်နှာတိုင်းမှာ ခင်ဗျားနာမည်ပါသလို အိပ်မက်ဆိုးတွေနဲ့ လန့်နိုးလာတဲ့ညတိုင်း ခင်ဗျားကို သိစိတ်မဲ့ ခေါ်မိနေပြီပဲ။

အတိတ်ကအရိပ်တွေဟာ တစ္စေလိုခြောက်လန့်နေပေမယ့် သန်းပေါင်းများစွာသော မှန်ကွဲစတွေ ခန္ဓာကိုယ်ကို လာစင်နေသလိုမျိုး နာကျင်နေပေမယ့် ခင်ဗျား နဲ့အတူဆိုရင် နောက်ထပ် ဘာကိုမှ ကြောက်စရာမလိုတော့ဘူးဆိုတာ နားလည်လာတယ်။

သန်းပေါင်းများစွာသော မှန်ကွဲစတွေ ခန္ဓာကိုယ်ကိုလာစင်နေသလိုမျိုး အတိတ်က မြောက်များစွာသောအမှားပေါင်း သောင်းခြောက်‌ထောင်ဟာ ကျွန်‌တော့ကို အမြဲလိုလို ခြောက်လန့်နေတယ်။

A true love where I'm not unsure if you're not fully committed to the relationship or what...
Me willing to sacrifice everything all for the sake of love