Function - Basic Computer Programming

Function အကြောင်း

function အကြောင်းမပြောခင်မှာ ရိုးရိုးရှင်းရှင်း ပရိုဂရမ်လေး တစ်ပုဒ်လောက် အရင်ရေးလိုက်ကြရအောင်။ ကျွန်‌တော်တို့ user နာမည်ကို မေးပြီး နှုတ်ဆက်တဲ့ ပရိုဂရမ်ကို ရေးမယ် ဆိုပါစို့။ ဒီအတိုင်း ရေးနိုင်ပါတယ်။

username = input("What is your name? ")
print("Hello ",username)
print("Warmly Welcome")

လိုင်းနံပတ်(၁) မှာ username variable ကို ကြေညာထားပါတယ်။ input ကိုသုံးပြီး What is your name? လို့ user ကို မေးပါတယ်၊ user ရိုက်ထည့်တဲ့ စာကို username variable ထဲကို assign = လုပ်ပါတယ်။

လိုင်းနံပတ်(၂) နဲ့ (၃) ကတော့ print ကို သုံးပြီး သက်ဆိုင်ရာ စာတွေကို output ထုတ်ပြတာပါ။

တကယ်လို့ user (၃) ယောက်လောက်ကို အခုလို နာမည်မေးပြီး နှုတ်ဆက်ရမယ်ဆိုရင် ဘယ်လို ရေးကြမလဲ?

username = input("What is your name? ")
print("Hello ",username)
print("Warmly Welcome")

username = input("What is your name? ")
print("Hello ",username)
print("Warmly Welcome")


username = input("What is your name? ")
print("Hello ",username)
print("Warmly Welcome")

ဒါမျိုး (၃) ခါ ရေးလိုက်လို့ရပါတယ်။ တကယ်လို့ user (၁၀၀) လောက်ကို မေးမယ်ဆိုရင်ရော? ဒီအတိုင်းပဲ copy paste လုပ်မယ် ၊ ဒါမှမဟုတ် loop တစ်ခုခု သုံးပြီး ဖြေရှင်းလို့ ရပါတယ်။ ဒီထက် ပိုပြီး အဆင်ပြေမယ့် နည်း programming မှာ ရှိပါတယ်။ ဒါကတော့ function ပါပဲ။

function ဆိုတာ ထပ်ခါ ထပ်ခါ လုပ်ရမယ့် ကုတ်တွေကို နာမည် တစ်ခု ပေးပြီး စုထားပေးတာမျိုးပါ။

ဉပမာ အပေါ်က ပရိုဂရမ်ကိုပဲ ကြည့်ပါ၊ ဒီမှာ username တောင်းတဲ့ ကုတ်နဲ့ output ထုတ်ပြတဲ့ ကုတ် စုစုပေါင်း (၃) ကြောင်းကို ထပ်ခါ ထပ်ခါ ရေးနေရတာကို တွေ့ရပါမယ်။ ဒီတော့ ဒီ (၃) ကြောင်းကို နာမည်တစ်ခု ပေးပြီး အဲ့သုံးကြောင်းကို run ချင်တိုင်း ပေးထားတဲ့ နာမည်ကိုပဲ ခေါ်လိုက် ရင် ရပါပြီ။ အပေါ်က ပရိုဂရမ်ကို function သုံးပြီး အောက်ကအတိုင်း ရေးနိုင်ပါတယ်။

def greeting():
  username = input("What is your name? ")
  print("Hello ",username)
  print("Warmly Welcome")

greeting()
greeting()
greeting()

function တစ်ခု ကြေညာတော့မယ်ဆိုရင် def လို့ အ‌ရှေ့က ရေးရပါတယ်။ def နောက်မှာ ဒီ function အတွက် နာမည်ပေးရပါတယ်၊ နာမည်နောက်မှာ ကွင်းစကွင်းပိတ် () နဲ့ group သင်္ကေတ : ထည့်ပေးရပါတယ်။

ပြီးရင်တော့ ဒီနာမည်ကို ခေါ်တဲ့အခါ run စေချင်တဲ့ code တွေကို အုပ်စု ဖွဲ့ပြီး ချရေးထားရုံပါပဲ။

နမူနာ ရေးထားတဲ့ ပရိုဂရမ်မှာဆိုရင်

def greeting():

ဆိုပြီး function တစ်ခု ကြေညာထားပါတယ်၊ function name ကို greeting လို့ ပေးထားပါတယ်။ နောက် သူ့အောက်မှာ ကုတ်(၃) ကြောင်းရေးထားပါတယ်။

def greeting():
  username = input("What is your name? ")
  print("Hello ",username)
  print("Warmly Welcome")

ဒါဆိုရင် function တစ်ခု ရေးတာ ပြည့်စုံသွားပါပြီ။

ဆိုလိုတာက ကုတ် (၃) ကြောင်းကို နာမည် တစ်ခု ပေးထားလိုက်တာပါပဲ။ ဒီ ကုတ် (၃) ကြောင်းကို run စေချင်တဲ့ အချိန်တိုင်း ပေးထားတဲ့ နာမည် ဖြစ်တဲ့ greeting ကို ကွင်းစကွင်းပိတ် () နဲ့ တွဲပြီး ခေါ်လိုက်ရုံပါပဲ

def greeting():
  username = input("What is your name? ")
  print("Hello ",username)
  print("Warmly Welcome")

greeting()

လူ (၃) ယောက်ကို နာမည်မေးပြီး နှုတ်ဆက်မယ်ဆိုရင်

def greeting():
  username = input("What is your name? ")
  print("Hello ",username)
  print("Warmly Welcome")

greeting()
greeting()
greeting()

ဒီလိုမျိုး function ကိုပဲ (၃) ခါ ခေါ်လိုက်ရုံပါပဲ။ ကုတ်တွေ အများကြီး ထပ်ခါ ထပ်ခါ မရေးရတော့တာပေါ့။

ဒါကတော့ function အကြောင်းပါပဲ။ အနှစ်ချူပ်ရရင် function ဆိုတာက ထပ်ခါ ထပ်ခါ ရေးရမယ့် ကုတ်တွေကို နာမည်တစ်ခု ပေးပြီး အဲ့နာမည်ကိုပဲ ခေါ်သုံးတာမျိုးပဲ ဆိုပါတော့။ နားလည်မယ်လို့ ထင်ပါတယ်။

Written on November 27, 2021