← All writing

How we developed Myan Quiz mobile app.

· Aung Ko Man

Smartphone, keyboard and laptop on a desk
Illustrative photo by Ahmad Ahrur on Unsplash.

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဗဟုသုတ ဉာဏ်စမ်းမေးခွန်းတွေ ဖြေလို့ရတဲ့ Myan Quiz Mobile App ကို ကျွန်တော်တို့ ဘယ်လို ရေးခဲ့ လဲဆိုတာကို ပြန်လည် မျှဝေချင်ပါတယ်။

Android နဲ့ iOS App Store မှာ တင်ထားပါတယ်။ Myan Quiz - Android Playstore

Myan Quiz Pro - Android Playstore

Myan Quiz Pro - Apple App Store

စစချင်း စဉ်းစားမိတာကတော့ Business Model ဆိုပါတော့။ အထွေထွေဗဟုသုတ မေးခွန်းတွေ မေးမယ်၊ ဖြေနိုင်ရင် ပွိုင့်ပေးမယ်၊ ရလာတဲ့ ပွိုင့်တွေနဲ့ ဖုန်းဘေ ပြန်ထုတ်ပေးမယ်။ ငွေရဖို့အတွက်ကတော့ Google Admob ကြော်ညာ ထည့်မယ်။ နောက်ရလာတဲ့ ကြော်ညာခကို User နဲ့ တစ်ဝက်စီ ခွဲယူမယ်။ ဒီလို အရင်တည်လိုက်တယ်။

Business Model နဲ့ Requirement တွေ သတ်မှတ်ပြီးတဲ့အခါ Database Design နဲ့ Api Documentation စရေးတယ်။ အမှန်ပဲ code တစ်ကြောင်းမှ မရေးရသေးဘူး။ discussion နဲ့ documentation တွေပဲ အရင်သွားဖြစ်တယ်။