← All writing

Programming Recap

· Aung Ko Man

Laptop displaying software code
Illustrative photo by AltumCode on Unsplash.

Programming Recap

  • [ ] Output Functions - print
  • [ ] Variable
  • [ ] Mathematical Operators
  • [ ] Input Functions - input
  • [ ] Conditional Flow Control - if / else if / else
  • [ ] Comparison Operators
  • [ ] Looping - for loop / while loop
  • [ ] Array - numerical index and associative array
  • [ ] Function

Output Function

User ကို တစ်ခုခု ထုတ်ပြချင်တဲ့အခါမှာ output function ကို သုံးပြီး ထုတ်ပြနိုင်ပါတယ်။ ဉပမာ Programming တွေရဲ့ အစပထမ Hello World ဆိုတာကို ထုတ်ပြမယ်ဆိုပါစို့။ ကျွန်တော်တို့ အခု ရေးနေတဲ့ Python မှာဆိုရင် print ဆိုတဲ့ function ကို သုံးပြီး ထုတ်ပြနိုင်ပါတယ်။

print("Hello World") # Hello World

ဒီ code ကို run လိုက်ရင် ကွန်ပျူတာ screen မှာ Hello World လို့ ပေါ်လာမှာ ဖြစ်ပါတယ်။

Variable

Variable ဆိုတာကတော့ Data တွေကို သိမ်းစည်းလို့ရတဲ့ Container လိုမျိုးပါပဲ။ ဒီ Container ထဲကို ကြိုက်တဲ့ data ထည့်သိမ်းထားလို့ရမယ်၊ ထုတ်ကြည့်လို့ရမယ်။ Container ကို နာမည် ပေးထားရတယ်။ ဒါမှ အသုံးလိုတဲ့အခါ နာမည်ခေါ်ပြီး ပြန်ထုတ်သုံးလို့ရမှာကိုး။

x = 1 # integer
y = 1.45 # float
z = "Mg Mg" # String

print(x) # 1
print(y) # 1.45
print(z) # Mg Mg

ဒီနေရာမှာ ပြောစရာ တစ်ခုက = ဒါကို Programming မှာ assign operator လို့ခေါ်တယ်။ သူ အလုပ်လုပ်ပုံက ညာဘက်က data ကို ဘယ်ဘက်ထဲ ထည့်ပေးတာမျိုး။ လိုင်းနံပတ် (၁) ကို ကြည့်ရင်

x = 1

x ဆိုတဲ့ variable တစ်ခု ကြေညာထားတယ်၊ assign operator သုံးပြီး x ထဲကို 1 သိမ်းထားလိုက်တယ်။ နောက် လိုင်းနံပါတ် (၅) မှာ print(x) ဆိုပြီး x ထဲက data ကို ပြန်ပြီး output ထုတ်ပြထားတယ်။