Free Domain and Hosting for Junior Web Developers

HTML, CSS နဲ့ JS ကို စတင်လေ့လာသူတွေအနေနဲ့ ကိုယ်ရေးထားတဲ့ Web Page ကို အင်တာနက်ပေါ်မှာ တင်ထားချင်ရင် github page ကို သုံးနိုင်ပါတယ်။ ဒီ tutorial ရဲ့ အဆုံးမှာ https://aungkoman.github.io လိုမျိုး ကိုယ်ပိုင် domain နဲ့ website တစ်ခု အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။

  1. Github Account မရှိသေးရင် https://github.com မှာ account တစ်ခုဖွင့်ပါ။ email , password နဲ့ github name ပေးရပါတယ်၊ github name ကို သေချာ မှတ်ထားပါ။
  2. https://github.com မှာ login ဝင်ပါ။
  3. ညာဘက် အပေါ်နားက အပေါင်း (+) ခလုပ်ကို click လုပ်ပြီး New repository ကို ရွေးပါ။
  4. repository name ကို yourname.github.io လို့ ပေးပါ။ yourname နေရာမှာ ကိုယ့် github name ထည့်ရမှာပါ။ (ဉပမာ ကျွန်တော့် github name က aungkoman ဆိုတော့ repository name ကို aungkoman.github.io လို့ ပေးပါတယ်။)
  5. Create a new file ကို နှိပ်ပါ။ File Name ကို index.html လို့ပေးပါ။ အောက်က စာရိုက်ရမယ့် နေရာမှာ ကိုယ့်ရဲ့ html , css , js code တွေ ကူးထည့်ပါ။
  6. အောက်ဆုံးက Commit new file ကို နှိပ်ပါ။

ဒါဆိုရင်တော့ ကိုယ့်ရဲ့ ပထမဆုံး web page ကို https://yourname.github.io မှာ ကြည့်နိုင်ပါပြီ။

နောက်ပိုင်း ကိုယ့် project တစ်ခုလုံးကို upload လုပ်တာတွေ ဘာတွေအတွက် Git အခြေခံလောက်တော့ သိထားသင့်ပါတယ်။ ကိုစေတန် ရေးထားတဲ့ “git - အရိုးအရှင်းဆုံး လမ်းညွှန်” ကို ဖတ်နိုင်ပါတယ်။ https://rogerdudler.github.io/git-guide/index.my.html

အဆင်မပြေတာရှိရင် facebook.com/mmsoftware100 မှာ မေးမြန်းနိုင်ပါတယ်။

Video https://youtu.be/j1cpY_Vg8sU

Written on November 30, 2021