HTML Element, Tag and Attributes
HTML Element, Tag and Attributes
HTML Element တစ်ခုရဲ့ ဖွဲ့စည်းပုံက ဒီလိုရှိပါတယ်။
<tagname attribute=value>
ဉပမာ Image Element ကို ဒီလိုရေးပါတယ်။
<img src="wallpaper.jpg" />
ဒီမှာ tagname က img ပါ။
သူ့မှာ attribute တစ်ခုရှိပြီး attribute name က src ပါ။
ဒီ src attribute မှာ value ရှိပြီး value ကတော့ wallpaper.jpg ဖြစ်ပါတယ်။
HTML Element တစ်ခုမှာ attribute က တစ်ခုထက်ပိုပြီးလည်း ရှိနိုင်ပါတယ်။
ဉပမာ
<img src="wallpaper.jpg" width="100px" />
ဒီ Image Element မှာ attribute နှစ်ခုပါပါတယ်။
src နဲ့ width ပါ။
သူတို့ရဲ့ သက်ဆိုင်ရာ value အသီးသီးကိုလည်း = နောက်မှာ ရေးထားပါတယ်။
Written on December 2, 2021