Introduction to CSS

CSS မိတ်ဆက်

CSS ဆိုတာကတော့ HTML ကို ဖက်ရှင်ကျအောင် ပြင်ပေးတဲ့ language တစ်ခုဖြစ်ပါတယ်။ HTML ချည်း သပ်သပ်က အဖြူ အမည်း နဲ့ ကြည့်မကောင်းဘူး ဆိုရမှာပေါ့။

ဒီတော့ ကြည့်ကောင်းအောင် အရင်က HTML Element တွေမှာ style attribute သုံးပြီး စာသားအရောင်တွေ၊ နောက်ခံ အရောင်တွေ ပြောင်းခဲ့ကြတာ မှတ်မိဉီးမယ် ထင်ပါတယ်။

HTML ချည်း ရေးမယ်ဆိုရင် ဒါမျိုး

<h2>This is Heading</h2>

ခေါင်းစဉ် မည်းမည်းကြီးတော့ ပေါ်လာပြီ။ ဒီခေါင်းစဉ်ကို အနီရောင် ပြောင်းချင်တယ် ဘယ်လိုလုပ်ကြမလဲ?

<h2 style="color:red">Hello World</h2>

ဒါဆိုရင်တော့ နီသွားပါပြီ။ style attribute ထဲမှာ key:value pair ပုံစံနဲ့ color ကို red အနီရောင်ပြောင်းပါမယ်လို့ ပြင်ရေးလိုက်တာ။

font-color:red ဆိုတာ CSS ပါပဲ။ CSS ရဲ့ အရှည်ကောက်က Cascading Style Sheets

CSS ကို သုံးနေရာမှာ ရေးလို့ရတယ်။

စာနဲ့ ပေနဲ့ ပြောရရင်

  • inline
  • internal stylesheet
  • external stylesheet

အခု HTML Element တွေထဲမှာ style attribute သုံးပြီး ရေးတာကို inline ရေးတယ်လို့ ဆိုတယ်။

ဒုတိယ ရေးလို့ရတဲ့ နေရာကတော့ <head> ထဲမှာပါ။ HTML basic structure ကို မှတ်မိမှာပါ။ ဒါမျိုး ရှိတယ်လေ

<html>
  <head>
    <title>This is Title</title>
  </head>
  <body>
    <h2>This is Heading</h2>
    <p>This is paragraph</p>
  </body>
</html>

<head> မှာ အရင်က <title> ပဲ ရှိတာ။ အခု CSS တွေ ထပ်ရေးကြမယ်။ စောနက heading ကို အနီရောင် ပြောင်းတဲ့ အကြောင်းကိုပဲ အခု internal css အနေနဲ့ ရေးကြည့်မယ်။

<html>
  <head>
    <title>This is Title</title>
    <style>
      h2 {
        color: red;
      }
    </style>
  </head>
  <body>
    <h2>This is Heading</h2>
    <p>This is paragraph</p>
  </body>
</html>

ဒီလို ရေးရင်လည်း Heading ကို နီပါတယ်။ ရေးထုံးကတော့ ပြောင်းသွားတယ်။ နောက်ပိုင်းမှာ inline ကို အတက်နိုင်ဆုံး ရှောင်ပြီး ဒီပုံစံအတိုင်းပဲ CSS ကို ရေးသွားပါမယ်။

CSS တွေ အကုန်လုံးကို <style> Tag ထဲမှာ ထည့်ရေးရပါတယ်။

ရေးထုံးကို ရှင်းပြရရင်

CSS ရေးတဲ့အခါ

selector { property1 : value1;  }

ဒါမျိုး ရေးရပါတယ်။

h2 { color: red; }

selector ဆိုတာ ကိုယ် ပြင်ချင်တဲ့ HTML Elemnt ကို ပြောတာပါ။ ဒီ code မှာ ဆိုရင်‌တော့ ကျွန်တ်ောတို့က h2 tag ကို ပြင်ချင်လို့ h2 လို ရေးပါတယ်။ နောက် ပြင်ချင်တဲ့ ပုံစံကို { } တွန့်ကွင်းထဲမှာ property : value ; ပုံစံနဲ့ ရေးရတယ်။ ဒီ code မှာဆိုရင် ကျွန်‌တော်တို့က စာသား အရောင်ကို အနီရောင် ပြောင်းချင်တာဆိုတော့ color : red ; ဒါမျိုး ရေးပါတယ်။

နောက် h2 ကိုပဲ နောက်ခံ အရောင်လည်း အပြာရောင် ပြောင်းချင်တယ်ဆိုရင် css ကဒါမျိုး ဖြစ်ပါမယ်။

<html>
  <head>
    <title>This is Title</title>
    <style>
      h2 {
        color: red;
        background-color: blue;
      }
    </style>
  </head>
  <body>
    <h2>This is Heading</h2>
    <p>This is paragraph</p>
  </body>
</html>

property နဲ့ value အတွဲ တစ်ခုရေးပြီးတိုင်း semi column ; နဲ့ အဆုံးသတ်ရပါတယ်။

CSS ရဲ့ အခြေခံ ရေးထုံးကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။ စမ်းရေးကြည့်ပြီး နားမလည်တာရှိရင် မေးနိုင်ပါတယ်။

Written on December 9, 2021