← All writing

Page ပိုင်ရှင်များ အတွက် Graphic Designer တစ်ယောက် ငှားထားသလိုမျိုး အဆင်ပြေစေမယ့် Tools များ

· Aung Ko Man

Colleagues discussing work around a meeting table
Illustrative photo by Vitaly Gariev on Unsplash.

Page ပိုင်ရှင်များ အတွက် Graphic Designer တစ်ယောက် ငှားထားသလိုမျိုး အဆင်ပြေစေမယ့် Tools များ

#1 Canva ကျွန်တော်တို့တော့ Canva သုံးပါတယ်။ website က သုံးရတာ အဆင်ပြေသလို သွားရင်း လာရင်း ဖုန်းနဲ့ ပြင်လို့ရအောင် Mobile App လည်း ထုတ်ပေးထားပါတယ်။ အခမဲ့ ပေးသုံးထားတဲ့ Feature ကကို တော်တော် လေးအဆင်ပြေတော့ Page မှာ တင်သမျှ Canva မှာပဲ လာပြီး ပုံတွေ ပြင်ဖြစ်တယ်။ သူ့မှာ template ပေါင်းကလည်း ငါးသောင်းကျော် ရှိတာဆိုတော့ idea မရှိဘူးဆိုရင်တောင်မှ template တွေ လျှောက်ကြည့်ရင်း Idea ထုတ်လို့ရတယ်။

အောက်က link က ဝင်ပြီး register လုပ်ရင် Premium Photo, Icon ဒါမှမဟုတ် Illustrations တစ်ခု အခမဲ့ ရဉီးမှာဗျား။

website : https://www.canva.com/join/vdc-nfc-yjc android app : https://play.google.com/store/apps/details?id=com.canva.editor

#2 Adobe Spark ဒါက Icon တွေ Logo တွေ လုပ်တဲ့အချိန် အများဆုံး သုံးဖြစ်တယ်။ အထူးသဖြင့် Page Profile Photo နဲ့ Cover Photo အတွက် တော်တော်မိုက်တယ် ပြောရမယ်။ ဒါလည်း အခမဲ့ပဲ။ website : https://spark.adobe.com/

#3 Crello သူလည်း Canva လိုမျိုးပဲ။ video တွေ ဘာတွေပါ လုပ်လို့ရသေး။ မဆိုးဘူး ပြောရမယ် အခမဲ့ သုံးလို့ရနေတော့။

website : https://crello.com