How to deal with Client.
· Aung Ko Man

Project
ပါသမျှ Feature ကို Wireframe / Prototype တစ်ခု နဲ့ အသေးစိတ် ဆွေးနွေးပြီး သဘောတူညီချက် ယူထားမှ ဖြစ်မယ်။
ဘာတွေ ရနိုင်တယ်၊ ဘာတွေ မရနိုင်ဘူး။ ဒါတွေကိုလည်း အတည်ပြုဖို့လိုတယ်။
လူ့အလိုကို လိုက်ဖို့က မဖြစ်နိုင်ဘူး။ စာချူပ်စာတမ်း အတိအကျနဲ့ အဲ့စာချူပ်အတိုင်း နှစ်ဘက်လုံးက လုပ်တာက အဆင်ပြေမယ်။
စာချူပ်မှာ ပါမှာက Feature စာရင်း Timeframe Payment
ဒီ (၃) ခု အဓိက ပါမယ်။
အကောင်းဆုံးကတော့ Wireframe နဲ့ screenflow တစ်ခုလုံးကို ရေးပေးထားတာ အဆင်ပြေတယ်။ Client အတွက်ရော Developer Team အတွက်ရော။
ကိုယ့်ဘက်က ရိုးရိုးသားသား ဆက်ဆံ ဘာကြောင့် စျေးနည်းတယ်၊ များတယ်ဆိုတာကို နားလည်အောင် ရှင်းပြ အချိန်ကန့်သတ်ချက် နည်းပညာ ကန့်သတ်ချက် ဒါတွေကိုလည်း ရှင်းပြ။
Bad Dev မဖြစ်ဖို့ လိုသလို Bad Client တွေကိုလည်း ရှောင်ဖို့လိုမယ် ငွေတစ်ခုတည်းကို ကြည့်လို့မရဘူး။ ပေးရတဲ့အချိန် နဲ့ ဂုဏ်သိက္ခာကလည်း လိုသေးတယ်။
ကျွန်တော် က ဒီလိုမျိုး လိုချင်တာ ဒါမျိုးမှ မရ မယူဘူး အကုန်ပြန်အမ်းပေး။
တောင်းဆိုထားတဲ့ Feature က နည်းပညာပိုင်းအရ ဘယ်လိုမှ မဖြစ်နိုင်တာမျိုးတွေရှိတယ်။ ကိုယ့်လုပ်ပိုင်ခွင့်ထဲမှာ မပါတဲ့ Feature တွေ။
ဒီလို ကိစ္စမျိုး ကြုံလာရင် Refund လုပ်မပေးချင်တာအပြင် ကိုယ်စိုက်ထုတ်ခဲ့ရတဲ့ အချိန် နဲ့ ငွေတွေသည် ဘာတစ်ခုမှ သုံးစားမရတဲ့ Product ဖြစ်ပြီး အမှိုက်တောင်းထဲ ပစ်လိုက်ရမလို ခံစားချက်ကို မကြိုက်။
ဒါကြောင့် လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့အတိုင်း နောက်ပိုင်းတော့ သဘောတူညီချက်ကို သေချာ ယူမှ ရမယ်။ အပြောင်းအလဲ ရှိတာ သဘာဝ ဆိုပေမယ့် ...