← All writing

How to deal with bad client.

· Aung Ko Man

Colleagues discussing work around a meeting table
Illustrative photo by Vitaly Gariev on Unsplash.

How to deal with client.

ဘာကို စိတ်မရှည်လည်းဆိုရင် စကားတွေ ပြောနေရတာကိုပဲ Requirement Gathering မှာ စကားတွေများရတာက ပျော်စရာ ကောင်းပါတယ်။ သူ့ဘက် ကိုယ့်ဘက် နားလည်မှု ယူကြတဲ့ အနေအထားဆိုတော့။ အဲ့ Demo ထွက်လာမှ Bug / Features ပြောရတဲ့အပိုင်းက စပြီး စကားပြောရတာ စိတ်ညစ်စရာ ကောင်းလာပြီ။

အထူးသဖြင့် တန်ဖိုးနည်းဝန်ပါ Client တွေ။ ငွေကို အနည်းဆုံးပေးမယ် Features ကို အများဆုံး ယူမယ် ဘာလုပ်ပေးပေး မလုံလောက်ဘူး ရသလောက် ထပ်လုပ်ခိုင်းမယ် ဒါမျိုး Mindset နဲ့ Client တွေကို စကားပြောရတာ အတော် လက်ပေါက်ကပ်တယ်။ ပြောတဲ့အထာက ငွေပေးထားပြီးပြီ ဖြစ်အောင် လုပ်ပေးဆိုတာမျိုး။

ဒါမျိုးကတော့ Refund လုပ်ပေးလိုက်တာ ကောင်းပါတယ်။ လုပ်လည်း လုပ်ပေးလိုက်တယ်။ သင်ခန်းစာလည်း ကောင်းကောင်းရတယ်။ သုံးလလောက် နေ့ရော ညပါ လိုက်ပြင်ပေးပေမယ့် ပြောထားတဲ့အတိုင်း မဟုတ်လို့ လက်မခံနိုင်ပါဘူး တစ်ပြားမကျန် ပြန်အမ်းပေးပါဆိုတဲ့ Client နဲ့ တွေ့တဲ့အခါ။ စိတ်ဓာတ်ပါ ကျသွားတယ်။ Client ဆိုတာ ရန်စကား ပြောရမယ့်သူမဟုတ်ဘူး ဆိုတော့ ဒါမျိုးလူတွေကို ဝေးဝေးက ရှောင်ဖို့ပဲ ရှိတယ်။

နားလည်မှု ရှိတဲ့ Client တွေနဲ့ကျတော့လည်း ကိုယ်ကတောင် ပြန်ပြီး အားနာရတယ်။ ကိုယ်ကပဲ ကိုယ့်ဘာသာကိုယ် တွေးပြီး ပိုအဆင်ပြေအောင် လုပ်ပေးဖြစ်တယ်။ အထူးသဖြင့် တစ်ယောက် Professional ကို တစ်ယောက် နားလည်ပြီး ငွေအကြောင်း သိပ်မတွေးရတဲ့သူတွေ။

ဆိုတော့ကာ Development လုပ်တဲ့အချိန် စိတ်ချမ်းသာဖို့က

  • Project နဲ့ Client ကို သေချာ ရွေးဖို့လိုမယ်။
  • ကိုယ့် Product အကြောင်းကို တက်နိုင်သမျှ ရှင်းရှင်းလင်းလင်း presentation နဲ့ တကွ ရှင်းပြထားပေးဖို့ လိုမယ်
  • တက်နိုင်ရင် Feature Detail ကို စာချူပ်စာတမ်းထဲမှာ ထည့်ရေးပေးထားရမယ်။

ကိုယ့်ဘက်ကလည်း အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်ရမယ်။ ကိုယ့် Team ရဲ့ အခြေအနေ နဲ့ လုပ်နိုင်စွမ်းကို သေချာတွက်ပြီး ဖြစ်နိုင်တဲ့ Timeframe ဆွဲပေးထားရမယ်။ Target ရောက်အောင်လည်း Push ရမယ်။ Client နဲ့လည်း နှစ်ဉီးနှစ်ဘက် နားလည်မှတ်ကို အချိန် အစောပိုင်းကတည်းက ရှာထားရမယ်။

Project Scope ကို အတိအကျ သတ်မှတ်ထားရမယ်။

ဒါတွေ ပါမယ် ဒါတွေတော့ မပါဘူး စသည်ဖြင့် Limitation ကို လည်း ရှင်းပြထားရမယ်။

နောက် Budget ပေါ့။ အဓိကကတော့ သူ့ဘက် ကိုယ့်ဘက် နားလည်မှု ရှိတဲ့သူ။ ရှိတဲ့ နားလည်မှုကိုလည်း စာရွက်စာတမ်း အတိအကျနဲ့ ချရေးထားတာမျိုးက

နောက်တစ်ချိန် မကုတ်ရပဲ ငြင်းနေရတာကို လျော့ကျစေပါလိမ့်မယ်။