How to stay away from Depress?
· Aung Ko Man

စိတ်ညစ်နေရင် ဘာလုပ်ကြမလဲ?
စိတ်ညစ်နေရင် မညစ်ပါနဲ့။ ရိုးရိုးလေးပါပဲ။ ဘယ်လို ကိစ္စပဲ ဖြစ်ဖြစ် ကိုယ့်မှာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ စိတ်ညစ်မလား၊ မညစ်ဘူးလား? အိုကေ.. စိတ်ညစ် သည်ဖြစ်စေ၊ မညစ်သည် ဖြစ်စေ ပြဿနာတွေ ဖိစီးမှုတွေ ကတော့ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ အမြဲလိုလို ရှိနေမှာပဲ။ ရှင်သန်ရခြင်းရဲ့ မြောက်များစွာလှသော ဒုက္ခတွေထဲက တစ်ခုပေါ့။
လွတ်မြောက်ချင်တယ် အရာရာကနေပေါ့ အထူးသဖြင့် ဆင်းရဲ ဒုက္ခတွေကနေ ဒီမှာလည်း ပြဿနာက ဆင်းရဲ ဒုက္ခကို အဓိပ္ပါယ်ဖွင့်ဆိုပုံ မတူကြဘူး။
ဗုဒ္ဓဘာသာမှာတော့ နိဗ္ဗာန်ပေါ့။ အို၊ နာ၊ သေ ကနေ လွတ်မြောက်တဲ့နေရာ အဖန်တလဲလဲ လည်ပတ်နေတဲ့ သံသရာထဲက ရုန်းထွက်နိုင်မယ့် နေရာ ကိုယ့်ဉာဏ် တစ်ထွာ တစ်မိုက်နဲ့ လိုက်မမီပေမယ့် လက်ရှိနေရာကနေ ရုန်းထွက်ချင်တာကတော့ အမှန်ပဲ။
U2 ရဲ့ သီချင်းထဲကလိုပေါ့။ I have climbed highest mountains. I have run through the fields. But I still haven't found what I'm looking for.
ကိုယ်ဘာရှာနေမှန်း မသိပဲ ရေဆုံး မြေဆုံး လိုက်ရှာနေမိတာမျိုး ဘာကြောင့်မှန်းမသိ ထွက်ပြေးနေမိတာမျိုး ဘဝဟာ ဒီလိုပဲ အလွဲလွဲ အချော်ချာ်နဲ့