← All writing

You don't have to act that way.

· Aung Ko Man

Notebook and fountain pen for planning and reflection
Illustrative photo by Niko Nieminen on Unsplash.

You don't have to act that way.

သရုပ်ဆောင်ခြင်းများပေါ့

ဗုဒ္ဓဘာသာမှာတော့ မာယာလို့ ခေါ်မယ်ထင်တယ်။ ကိုယ့်မှာ တကယ်မရှိတာကို ရှိသလိုလို၊ ကိုယ့်မှာ ရှိတာကို မရှိသလိုလို ဟန်ဆောင် လှည့်ပတ်တာမျိုးကို မာယာလို့ ခေါ်တယ်။

ဒါဟာလည်း စိတ်ကိုနောက်ကျိစေတဲ့ တရားတွေထဲက တစ်ခုပဲ။

ဒီတော့ အပြောအဆို အပြုအမူတွေသည် natural ဖြစ်ဖို့လိုတယ်။

လူတွေမှာ ကိုယ်ကဘယ်လိုလူမျိုးပါဆိုပြီးစံသတ်မှတ်ထားတဲ့ ပုံစံတစ်ခုရှိတက်ကြမယ် ထင်တယ်။ ကျွန်တော့်မှာလည်း ရှိတယ်။ ဒါမျိုးကို Social Media တွေမှာ ပိုပြီးမြင်နိုင်တယ်။

ကိုယ့်ကို လူတွေက ဘယ်လိုပုံစံရှိတဲ့လူလို့ ထင်စေမြင်စေချင်တာမျိုးပေါ့။ တကယ့် ကိုယ့်ပုံစံက တစ်မျိုး လူတွေကို မြင်စေချင်တဲ့ ကိုယ့်ပုံစံက တစ်မျိုး များသောအားဖြင့်တော့ dark side တွေကို ကွယ်ဝှက်မယ်၊ နောက် ကောင်းတဲ့အချက်လေးတွေကို ပိုကောင်းသယောင်ယောင် သရုပ်ဆောင်ပြီး ပြကြမယ် ဆိုပါတော့။

ဒါမျိုး က Social Media မှ မဟုတ်ဘူး။ အချင်းချင်း day to day ပြောဆိုဆက်ဆံကြတဲ့အခါမှာလည်း Sugar Coated Acting တွေ ထပ်ဖြည့်ကြတယ်။

တကယ်ကတော့ You don't have to act that way, man. သီချင်းတွေသိတယ်မို့လား Brono Mars ရဲ့ Just the way you are Trolls ထဲမှာ Anns Kendrick နဲ့ Justin Timberlake တို့ ဆိုထားတဲ့ True Colors

စကားမစပ် ပြောရရင် True Colors သီချင်းက ကိုယ့်ရဲ့ မဟာစာတမ်းမှာ အတော်လေး သက်ရောက်မှု ရှိခဲ့တယ် ပြောရမယ်။ ထားပါ ဒါက another story.

ရှိသမျှ ချပြရမယ် ပြောတာ မဟုတ်ပါဘူး။ ကိုယ်ပြောသမျှသည် ကိုယ့်နဲ့ inline ဖြစ်နေရင် အဆင်ပြေမှာပါ။