← All writing

TDD

· Aung Ko Man

Laptop displaying software code
Illustrative photo by AltumCode on Unsplash.

TDD

Test Driven Development

Buggy ဖြစ်တဲ့ Product တွေထုတ်ပြီးတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းလာတယ်။

ကိုယ့်ရဲ့ ကုတ်က အဆင့်မမီတာ ဖြစ်နိုင်သမျှ scenario တွေကို cover ဖြစ်အောင် မစဉ်းစားနိုင်တာ

နောက် ရေးထားတဲ့ ကုတ်က စုတ်ပြတ်သက်ပြီး ကိုယ်တိုင်တောင် ပြန်ပြင်ဖို့ မလွယ်တာမျိုးတွေ ကြုံလာတဲ့အခါ Project လို့ ပြောလိုက်ရင်ကို လန့်နေတာ။

ဒါတွေဟာ Clean Architecture လိုမျိုး separation ကောင်းတဲ့ architecture / design pattern တစ်ခုခုမသုံးပဲ ကြုံသလိုရေးနေကြလို့။

ဒီတော့ Maintainable ဖြစ်တဲ့ ကုတ်တွေ။ တစ်ခုချင်းစီကို ခွဲထုတ် စစ်ဆေးလို့ရတဲ့ ကုတ်တွေ။ နောက် စစ်ဆေးထားတာတွေ။

ဒါတွေပါဖို့ အတွက်က

TDD နဲ့ Clean Architecture ကို သုံးဖို့လိုတယ်။

Development Time ကတော့ အရင်ထက် နှစ်ဆ / သုံးဆ လောက် ပိုကြာလာနိုင်တယ်။ ဒါပေမယ့် တော်ရုံ တော့ ကုတ်ပြင်ဖို့ ကြောက်နေမှာ မဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာမယ်။