← All writing

Dunning-Kruger Effect

· Aung Ko Man

Notebook and fountain pen for planning and reflection
Illustrative photo by Niko Nieminen on Unsplash.

Dunning-Kruger Effect

ဒီ Psychologist ၂ ယောက်ကဘာကို သတိထားမိလည်းဆိုတော့ တချို့လူတွေက နဲနဲပဲသိပြီး သူတို့ကိုသူတို့ ယုံကြည်ချက်တွေအများကြီးရှိကြတယ်။ အဲ့လိုပဲ တချို့ကြတော့ ခုဏကလူတွေထက်ပိုပြီး သိကြတယ်။ ဒါပေမဲ့ သူတို့လောက် ယုံကြည်ချက်တွေမရှိကြဘူး။ Graph ကိုကြည့်ရင် သိသာပါတယ်။ စဆရကတွေက အသိဉာဏ်မှာနဲတယ်။ ဒါပေမဲ့ ယုံကြည်ချက်မှာများတယ်။ Dunning Kruger

Dunning-Kruger တို့ research တွေအရ ဘာကြောင့်လဲဆိုတော့ သူတို့တွေက Topic ၁ ခုအပေါ်မှာ သေသေချာချာမသိပဲ အပေါ်ယံလေးပဲသိတယ်။ ဥပမာ Topic ၁ ခုအပေါ်မှာ ပြား ၈၀ ဖိုးလောက်သိတယ်။ ပြီးတော့ သူတို့ထင်တာက ဒီ Topic က ၁ ကျပ်ဖိုးလောက်ပဲ ရှိတယ်ထင်ကြတယ်။ အဲ့တော့ သူတို့ကို သူတို့ ၈၀% တောင်သိပြီဆိုပြီး အထင်ကြီးပြီး ဆရာကြီးတွေလို့ထင်ကြတယ်။

Dunning Kruger သူတို့မသိတာက အဲ့ Topic က ၁ သိန်းဖိုးလောက် လေ့လာလို့ရတယ်ဆိုတာကို။ ဘာကြောင့်လဲဆိုတော့ သူတို့သေသေချာချာ မလေ့လာရသေးလို့။ ပိုလေ့လာလေ ကိုယ်မသိသေးတာတွေ အများကြီးရှိသေးတယ်ဆိုတာသိလာလေ။ ဒီလိုသိလာလေ မိမိကိုယ်မိမိ ယုံကြည်ချက်အားနည်းလာလေ။ အသိဉာဏ်အရတက်လာတယ်။ ဒါပေမဲ့ ယုံကြည်ချက်က အရင်ကျလာတယ်။ သူတို့က ၁၀၀၀ ဖိုးလောက်သိတယ် (ဟို ပြား ၈၀ ဖိုးသိတဲ့လူထက်စာရင် ပိုများတယ်)။ ဒါပေမဲ့ သူတို့သိတာက နောက်ထပ် ၉၉၀၀၀ ဖိုးလောက်သိဖို့လိုသေးတယ်ဆိုတာ။

ဆက်လေ့လာတော့မှ အောက်ဆုံးနေရာကနေ တဖြေးဖြေးယုံကြည်ချက်တက်လာပြီး တကယ်သိလာလေပါ။

ဒါကို Dunning-Kruger Effect လို့ခေါ်ပါတယ်။

အခု COVID ကာလမှာဒီ Effect ကိုအများကြီးသတိထားမိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သတိထားရတယ်။

ဟိုဟာလုပ်သင့်တယ်။ ဒီဟာလုပ်သင့်တယ်။ ဒါလေးတောင် မသိဘူးလားဆိုပြီး ပြောမိ‌တော့ကိုယ့်ကိုယ်ကိုယ် မေးမိခဲ့တာက . . .

လက်ရှိအလုပ်လုပ်နေသူတွေက ကိုယ်စဉ်းစားမိသလောက်မစဉ်းစားနိုင်ဘူးလို့ တကယ်ထင်တာလား။

မိမိကိုယ်မိမိကော ဒီ Graph ရဲ့ ဘယ်နားမှာရောက်နေတာလဲဆိုတာကိုပြန်စဥ်းစားမိတယ်။

ဉပမာ ကိုဗစ် နဲ့ ပတ်သက်လာရင်

တခါလာလည်း +ve ကို

အိမ်မှာပဲ Q လုပ်သင့်တယ်တို့။

Lockdown လုပ်သင့်တယ်တို့။

အများကြီးပါပဲ။

ကိုယ့်ထက်ထဲထဲဝင်ဝင်လုပ်နေတဲ့သူတွေက ကိုယ်စဉ်းစားမိသလောက်မစဉ်းမိဘူးလို့ထင်နေတာက ကိုယ့်ကိုယ့်ကိုယ် ဘဝင်မြင့်နေလို့ဆိုတာကို ပိုသိလာတယ်။ သူတို့မှာဘာအကြပ်အတည်းတွေ ဘာကြောင့်လုပ်ရတယ်ဆိုတဲ့ ကိုယ်မသိတာတွေ အများကြီးရှိနိုင်ပါတယ်။

မိမိအမြင်ကို လွတ်လပ်စွာပြောဆိုခွင့်ရှိပါတယ်။

ဒါပေမဲ့ အရင်လေ့လာပါ။ တကယ်အားပေးပါတယ်။ Internet ထဲမှာ လေ့လာနိုင်တာတွေ အများကြီးပါ။ လေ့လာပြီး ရေးပါ။ အကြံပြုပါ။ အားလုံးအကျိုးရှိမှာပါ။

https://www.linkedin.com/pulse/dunning-kruger-effect-aung-pye-tun